မော်လမြိုင်မြို့ အေးသာယာဈေး၌ ကုန်စည်များ၏ ဈေးနှုန်းအနည်းငယ်မြှင့်တက်

Powered by Drupal

      အေးသာယာဈေးတွင် ယခင်လ(ဇူလိုင်လ) ကုန်စည်များ၏ ဈေးနှုန်းအခြေအနေမှာ ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ် ၂၀၀၀၊ ဂေါ်ဖီထုပ် တစ်ထုပ်လျှင် ကျပ် ၂၀၀၀၊ အာလူး တစ်ပိဿာလျှင် ကျပ် ၃၀၀၀၊ မုန်လာဥနီ တစ်ပိဿာလျှင် ကျပ် ၃၀၀၀၊ ရွှေဖရုံသီး တစ်လုံးလျှင် ကျပ် ၁၀၀၀၊ ဘူးသီး တစ်လုံးလျှင် ကျပ် ၈၀၀၊ မုန်ညင်း တစ်ထုပ်လျှင် ကျပ် ၁၂၀၀၊ ရုံးပတီသီး တစ်ပိဿာလျှင် ကျပ် ၃၀၀၀၊ ကန်စွန်းရွက် တစ်စည်းလျှင် ကျပ် ၁၀၀မှ ၁၅၀အတွင်း၊ ချဉ်ပေါင်ရွက် တစ်စည်းလျှင် ကျပ် ၁၀၀၊ ခရမ်းသီး တစ်ပိဿာလျှင် ကျပ် ၂၅၀၀၀၊ သံပရာသီး တစ်လုံးလျှင် ကျပ် ၁၀၀မှ ၂၀၀အတွင်း၊ လိမ္မော်သီး တစ်ကီလို ကျပ် ၂၅၀၀ မှ ၄၀၀၀ အတွင်း ဖြစ်ကြောင်း သိရသည်။

      ယခုလ ဩဂုတ်လတွင် ကုန်စည်များ၏ ဈေးနှုန်းအခြေအနေမှာ ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ် ၂၅၀၀၊ ဂေါ်ဖီထုပ် တစ်ထုပ်လျှင် ကျပ် ၂၂၀၀၊ အာလူး တစ်ပိဿာလျှင် ကျပ် ၃၀၀၀၊ မုန်လာဥနီ တစ်ပိဿာလျှင် ကျပ် ၄၀၀၀၊ ရွှေဖရုံသီး တစ်လုံးလျှင် ကျပ် ၁၀၀၀၊ ဘူးသီး တစ်လုံးလျှင် ကျပ် ၈၀၀၊ မုန်ညင်း တစ်ထုပ်လျှင် ကျပ် ၁၂၀၀၊ ရုံးပတီသီး တစ်ပိဿာလျှင် ကျပ် ၃၀၀၀၊ ကန်စွန်းရွက် တစ်စည်းလျှင် ကျပ် ၂၀၀မှ ၂၅၀အတွင်း၊ ချဉ်ပေါင်ရွက် တစ်စည်းလျှင် ကျပ် ၁၀၀၊ ခရမ်းသီး တစ်ပိဿာလျှင် ကျပ် ၃၀၀၀၊ သံပရာသီး တစ်လုံးလျှင် ကျပ် ၁၀၀မှ ၂၀၀အတွင်း၊ လိမ္မော်သီး တစ်ကီလို ကျပ် ၃၀၀၀ မှ ၇၀၀၀ အတွင်း ဖြစ်ကြောင်း သိရသည်။

     သို့ဖြစ်၍   အချို့ကုန်စည်များသည်  ဈေးနှုန်းအနည်းငယ်မြှင့်တက်ခဲ့ကြောင်း  နှိုင်းယှဉ်မှုအရ ခရမ်းချဉ်သီး (၅၀၀ကျပ်)၊ ဂေါ်ဖီထုပ်(၂၀၀ကျပ်)  မုန်လာဥနီ(၁၀၀၀ကျပ်)၊ကန်စွန်းရွက်(၁၀၀ကျပ်)၊  ခရမ်းသီး (၅၀၀ကျပ်)၊ လိမ္မော်သီး (၁၀၀၀ကျပ်မှ ၂၅၀၀ကျပ်)အတွင်း ဈေးနှုန်းမြှင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)