သုံးထပ်သရက်(ခေါ်) သရက်သီးစိမ်းကြွပ်များ အရောင်းသွက်လျက်ရှိ

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ အညာဒေသ၌ သုံးထပ်သရက်(ခေါ်) သရက်သီးစိမ်းကြွပ်များ စတင်ပေါ်နေပြီဖြစ်ရာ ဈေးကောင်းရရှိ အရောင်းသွက်နေကြောင်း သရက်စိုက်ပျိုးသူများထံမှ သိရသည်။ ယခုချိန်တွင် ကုန်စိမ်းဈေးကွက်တွင် သုံးထပ်သရက်(ခေါ်) သရက်သီးစိမ်းကြွပ်ဈေးမှာ အသီးအနေအထားပေါ် မူတည်၍ သရက်စိမ်းကြွပ် တစ်ပိဿာလျှင် ကျပ်(၂၀၀၀-၂၅၀၀) နှုန်းဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး  သီးစုံအချဉ်ပေါင်းရောင်းချသူများနှင့် သီးနှံပွဲစားများက ခြံအရောက် လာရောက်ဝယ်ယူမှုများရှိကြောင်း၊ စိုက်ပျိုးသော သရက်မျိုးများမှာ ဟင်္သာ၊ ရွှေပို၊ လက်ခုတ်၊ ဝါဆို၊ စိန်တစ်လုံး၊ ပတ္တမြားငမောက်၊ မချစ်စု၊ ပန်းဆွဲ သရက်အမျိုးခွဲအစုံ စိုက်ပျိုးကြကြောင်း သိရသည်။

DOCA(စစ်ကိုင်း)