ဘားအံမြို့၊ မဲဘောင်စံပြဈေးတွင်ရောင်းချနေသော အခြေခံစားသောက်ကုန်များ၏ဈေးနှုန်းအခြေအနေ

Powered by Drupal

   ၂၀၂၃ခုနှစ်၊ ဩဂုတ်လ၊ စတုတ္တအပတ်အတွင်း ဘားအံမြို့၊ မဲဘောင်စံပြဈေးတွင် အခြေခံစားကုန်များဖြစ်သော ပေါ်ဆန်းဆန်တစ်ပြည်လျှင် ၄၈၀၀ကျပ်၊ ဧည့်မထဆန်တစ်ပြည်လျှင် ၂၉၀၀ကျပ်၊ ဆန်ကွဲတစ်ပြည်လျှင် ၂၁၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီတစ်ပိဿာလျှင် ၈၈၀၀ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင် ၁၆၀၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ကြက်သွန်နီတစ်ပိဿာလျှင် ၃၇၀၀ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ၉၅၀၀ကျပ်နှင့် ကြက်သွန်ဖြူ(ရှမ်းစ)တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်၊ အာလူး တစ်ပိဿာလျှင် ၃၀၀၀ကျပ်၊ ချင်းတစ်ပိဿာလျှင် ၆၀၀၀ကျပ်၊ ငရုတ်သီးခြောက်တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်၊ ပဲနီလေးတစ်ပိဿာလျှင် ၇၀၀၀ကျပ်၊ ကုလားပဲခြမ်းတစ်ပိဿာလျှင် ၆၅၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

     အသားငါးဈေးနှုန်းများမှာ ဝက်သားတစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊ အမဲသားတစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင် ၁၈၀၀၀ကျပ်၊ ကြက်သား(CP) တစ်ပိဿာလျှင် ၁၀၅၀၀ကျပ်၊ ချောင်းငါးကြင်းတစ်ပိဿာလျှင် ၂၀၀၀၀ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ၈၀၀၀ကျပ်၊ မွေးမြူရေးငါးခူတစ်ပိဿာလျှင် ၇၀၀၀ကျပ်၊ ပုစွန်(ဘော့ချိတ်)တစ်ပိဿာလျှင် ၂၂၀၀၀ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

    ကြက်ဥလက်လီဈေးနှုန်းမှာ ကြက်ဥ(ကြီး)တစ်လုံးလျှင် ၂၈၀ကျပ်၊ ကြက်ဥ(သေး) တစ်လုံးလျှင် ၂၅၀ကျပ်၊ ဘဲဥ(ကြီး)တစ်လုံးလျှင် ၃၅၀ကျပ်၊ ဘဲဥ(သေး)တစ်လုံးလျှင် ၃၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဟင်းသီးဟင်းရွက်ဈေးနှုန်းများမှာ ဂေါ်ဖီထုပ် ၁ထုပ်လျှင် ၁၈၀၀ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ၂၅၀၀ကျပ်၊ ပဲတောင့်ရှည်သီးတစ်စည်းလျှင် ၇၀၀ကျပ်၊ ကန်စွန်းရွက်တစ်စည်းလျှင် ၂၅၀ကျပ်၊ ချဉ်ပေါင်ရွက်တစ်စည်းလျှင် ၂၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

 ဩဂုတ်လ၊ စတုတ္ထအပတ်အတွင်း ဖြစ်ပေါ်နေသောဈေးနှုန်းများသည် ယခင်အပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်လျှင် အနည်းငယ်မြင့်တက်သွားကြောင်း ဘားအံမြို့၊ မဲဘောင်စံပြဈေးအတွင်းရောင်းချနေသော ဈေးဆိုင်များထံမှသိရှိရပါသည်။

DOCA(ကရင်)