မကွေးမြို့၊ ဆီလုပ်ငန်းရှင်များ၏ စျေးကားဖြင့် ဆီရောင်းချပေးနေမှုအား ကွင်းဆင်းကြီးကြပ်

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်‌ရေးကော်မတီကိုဖွဲ့စည်းပြီး ပြည်ပမှတင်သွင်းလာသည့် စားသုံးဆီများ သတ်မှတ်အရည်အသွေးနှင့် စံချိန်စံညွှန်းများနှင့်ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွှတ်သော စားသုံးဆီများကိုသုံးစွဲနိုင်ရေး၊ စျေးနှုန်းတည်ငြိမ်စွာဝယ်ယူစားသုံးနိုင်ရေး၊ စားအုန်းဆီကမ္ဘာ့စျေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်စျေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကြောင်းဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီမှူးတို့၏ လမ်းညွှန်မှုဖြင့် (၂၁-၈-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၆:၀၀) နာရီအချိန်တွင် မကွေးမြို့၊ ရန်မျိုးနိုင်ရပ်ကွက်၌ ကုမ္ပဏီများမှ ဖြန့်ဖြူးရောင်းချသော‌ စားအုန်းဆီများကို မကွေးတိုင်းဒေသကြီးဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း၏ စျေးကားဖြင့် စားအုန်းဆီ(၁)ပိဿာလျှင် (၄၄၅၀)ကျပ်နှုန်းဖြင့်ရောင်းချနေမှုအား မကွေးခရိုင်ဦးစီးမှူး ဒေါ်တင်တင်လှ (လက်ထောက်ညွှန်ကြားရေးမှူး)နှင့် ဦးအောင်ဖြိုးဝေ (ဒု-ဦးစီးမှူး) တို့က သွား‌ရောက်စိစစ်ကြပ်မတ်ခဲ့ပါသည်။

     ထို့သို့ ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ရာ၌ စားသုံးသူပြည်သူများ၊ အဆင်ပြေချောမွေ့စွာဝယ်ယူနိုင်ရေး၊ စားအုန်းဆီစျေးနှုန်းများမှန်ကန်ရေး၊ အလေးချိန်ပြည့်ဝမှန်ကန်မှုရှိစေရေး၊ စားအုန်းဆီများကိုဝယ်ယူရာတွင် စနစ်တကျရှိစေရေး ကြီးကြပ်ပူးပေါင်းဆောင်ရွက်ခဲ့ပြီး မကွေးတိုင်းဒေသကြီး၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းအား စားသုံးသူပြည်သူများကိုယ်စား ဌာနအနေဖြင့် အထူးကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)