လက်ရှိဖြစ်ဈေးကွက်အတွင်း နာနတ်သီးဈေးနှုန်း

Powered by Drupal

      ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ရာသီစာသီးနှံများ လှိုင်လှိုင်ပေါများချိန်ဖြစ်ပါသည်။ နာနတ်သီးသည် အရည်ရွမ်းသည့်သီးနှံတမျိူးဖြစ်သည့်အတွက် ကလေးလူကြီးများပါမကျန် အကြိုက် တွေ့စေသောအသီးလည်းဖြစ်သည်။ နာနတ်သီးကို ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နှင့် ဆိုက်ခေါင် မြို့နယ်တို့မှ အများဆုံးတင်သွင်းလျက်ရှိပြီး ဈေးနှုန်းမှာလည်းအသင့်အတင့်ရှိပါသည်။ ဈေးကွက် အတွင်းဖြစ်ပေါ်နေသော နာနတ်သီးဈေးနှုန်းမှာ အရွယ်အစားအလိုက်(၁)လုံးကို(၇၀၀)ကျပ်၊ (၈၀၀) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပါကြောင်း ဆိုက်ခေါင်မြို့နယ်မှ သီရိမင်္ဂလာဈေးတွင် ကားဖြင့် လာရောက်ရောင်းချသော နာနတ်သီးစိုက်တောင်သူတစ်ဦးထံမှ သိရှိရပါတယ်။

DOCA(ကယား)