စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ကံမမြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်နွဲ့ယဉ်ဝင်းသည် (၁၉-၈-၂၀၂၃)ရက်နေ့၊ နေ့လယ်(၁၄:၃၀)နာရီအချိန်တွင် ကံမမြို့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယဦးစီးမှူးနှင့်အတူ ကံမမြို့နယ်၊ ကျွန်းကလေးအုပ်စု၊ အုတ်ဖိုကျေးရွာရှိ ဦးကျော်မိုးလွင် (ဆယ်စုသစ်) စက်သုံးဆီဆိုင်သို့သွားရောက်၍ စက်သုံးဆီများဖြန့်ဖြူးရောင်းချရာ၌ သတ်မှတ်ထားသော အခြေခံရည်ညွှန်းဈေးဖြင့် အမှန်တကယ်ရောင်းချမှုရှိ/မရှိနှင့် အချင်အတွယ်မှန်ကန်မှုရှိ/မရှိကို ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ခဲ့ပါသည်။
ထိုသို့ စစ်ဆေးရာတွင် ကံမမြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်းက စက်သုံးဆီရောင်းချဖြန့်ဖြူးလျက်ရှိသော ဆယ်စုသစ်ဆီဆိုင်မှ လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ သက်မှတ်ထားသော အခြေခံရည်ညွှန်းဈေးဖြင့်ရောင်းချရန်၊ ဈေးနှုန်းများကိုလည်း အများပြည်သူသိရှိအောင် LED Board များတွင်ဖော်ပြပေးရန်၊ နေ့စဉ်ရောင်းချနေသော ဈေးနှုန်းများကိုလည်းဖော်ပြပေးရန်၊ အချင်အတွယ်မှန်ကန်မှုရှိစေရန်၊ စက်သုံးဆီများကိုပုံးများ၊ ပေပါလိုက်ရောင်းချမည့်သူများကိုလည်း ရောင်းချခြင်းမပြုရန်၊ လုပ်ငန်းရှင်များအနေဖြင့် တရားမဝင်စက်ဆီ၊ ချောဆီများတင်သွင်းရောင်းချခြင်းမပြုစေရေး၊ ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်သွားရန်နှင့် စက်သုံးဆီပြတ်လတ်မှုမရှိစေရေးတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(မကွေး)