၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၂၃ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးရှိ အစည်းအဝေးခန်းမ၌ ကုန်အညွှန်း အမှတ်အသားဖော်ပြချက်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်၊ စားသုံးသူရေးရာကော်မတီဝင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ၊ စုစုပေါင်း (၆၀)ဦးတက်ရောက်ခဲ့ကြပါသည်။
အဆိုပါဆွေးနွေးပွဲတွင် မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မိရင်စနိုင်းမွန်က စားသုံးသူ ကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်သားဖော်ပြချက်နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် ဦးစီးအရာရှိ ဒေါ်ဝါဝါမြိုင်က စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် တာဝန်များ၊ ပြစ်မှုပြစ်ဒဏ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး မွန်ပြည်နယ်၊ အစားသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက Labelling နှင့်ပတ်သက်သည့် အကြောင်းအရာများကိုဆွေးနွေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသည့် လုပ်ငန်းရှင်များက သိလိုသည်များကို မေးမြန်းဆွေးနွေးခြင်းအပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး အလုပ်ရုံဆွေးနွေးပွဲအား နေ့လယ် (၁၂:၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မွန်)