ဩဂုတ်လ (စတုတ္ထပတ်) အတွင်းဖြစ်ပေါ်နေသော နွေစပါးနှင့် ဆန်ဈေးနှုန်းအခြေအနေ

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၌ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ၊ စတုတ္ထအပတ်တွင် နွေစပါးနှင့် ဆန်ဈေးနှုန်းများမှာ ယခင်အပတ်ဈေးနှုန်းများတိုင်း ဈေးနှုန်းငြိမ်လျက်ရှိကြောင်း၊ ဩဂုတ်လ၊ စတုတ္ထအပတ်တွင် ၂၀၂၃ခုနှစ်ထွက် နွေစပါး ရွှေဝါထွန်းစပါး တင်း(၁၀၀)လျှင် (၁၉၀၀၀၀ဝိ/)ကျပ်နှင့် ဆန်တစ်အိတ်လျှင် (၈၀၀၀ဝိ/-)ကျပ်ဈေးနှုန်းဖြင့် ယခင်အပတ်ဈေးနှုန်းများအတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

   ယခင်နှစ်ကာလတူတွင် ရွှေဝါထွန်းစပါး တင်း(၁၀၀)လျှင် (၁၀၀၀၀၀ဝိ/-)ကျပ်နှင့် ဆန်တစ်အိတ်လျှင် (၄၀၀၀ဝိ/-)ကျပ်သာပေါက်ဈေးရှိခဲ့သဖြင့် ယခင်နှစ်ကာလတူနှင့် အရောင်း အဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခုနှစ်တွင် ယခင်နှစ်ကာလတူထက် ရွှေဝါထွန်းစပါး တင်း(၁၀၀)လျှင် (၉၀၀၀၀ဝိ/-)ကျပ်နှင့် ဆန်တစ်အိတ်လျှင် (၄၀၀၀ဝိ/-)ကျပ်ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ ယခုအပတ်တွင် ဆန်တစ်အိတ်ဈေးနှုန်းနှင့် စပါးဈေးနှုန်းများမှာ ယခင်အပတ်နည်းတူ ဈေးငြိမ်နေသော်လည်း ဆန်အိတ်များမှာ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ကုန်ကြမ်းဖြစ်သည့်စပါးမှာ ဈေးသာရှိပြီး ရောင်းချမှုအနည်းငယ်သာရှိကြောင်း ဆန်စက်ပိုင်နှင့် ကုန်သည်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)