စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၅-၈-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၅း၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်ဦးစီးမှူးရုံးဝန်း၏ အတွင်း/အပြင်နှင့် သိုလှောင်ရုံပတ်ဝန်ကျင်းရှိ ခြုံနွယ်များအား ခုတ်ထွင်ရှင်းလင်း၍ သန့်ရှင်းရေးပြုလုပ်ရန်အတွက် ပြည်နယ်ဦးစီးမှူးဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ထိုသို့ပြုလုပ်ဆောင်ရွက်ရာတွင် ခြုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်သရိုက်များလှဲကျင်းစွန့်ပစ်ခြင်း၊ မြက်ပင်များနုတ်ခြင်း၊ အုတ်ကန်နှင့်ရေကန်များတွင် ခြင်နှင့်ပိုးမွှားများပေါက်ဖွားမှုမရှိစေရေးအတွက် အဘိတ်ဆေးခပ်ခြင်း၊ ဖုံး/သွန်/လဲ/စစ်ပြုလုပ်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး စားသုံးသူရေးရာ ဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် ရုံးပတ်ဝန်းကျင်းသန့်ရှင်းသာယာရေးနှင့် စိမ်းလန်းစိုပြည်ရေးအတွက် ပြည်နယ်ဦးစီးမှူးဦးဆောင်၍ အပတ်စဉ် သောကြာနေ့တိုင်း ဝန်ထမ်းများစုပေါင်း၍ သန့်ရှင်းရေးပြုလုပ်လျက်ရှိကြောင်းသိရပါသည်။
DOCA(ကရင်)