ရွှေဘိုမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ဈေးနှုန်းအခြေအနေ

Powered by Drupal

   ၂၀၂၃ခုနှစ်၊ ဩဂုတ်လ (နောက်ဆုံးပတ်) အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည်လျှင် ၅၃၀၀ကျပ်၊ ဧရာမင်းဆန်တစ်ပြည်လျှင် ၆၂၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်နီလက်လီဈေးမှာ (ကြီး) တစ်ပိဿာလျှင် ၃၅၀၀ကျပ်၊ (လတ်) တစ်ပိဿာလျှင် ၃၀၀၀ကျပ်၊ (သေး)တစ်ပိဿာလျှင် ၂၇၀၀ကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ)တစ်ပိဿာလျှင် ၈၀၀၀ကျပ်မှ ၉၀၀၀ကျပ်အထိ၊ ရှမ်းကြက်သွန်ဖြူတစ်ပိဿာလျှင် ၈၀၀၀ကျပ်မှ ၉၀၀၀ကျပ်အထိ၊ (ကြူကုပ်) တစ်ပိဿာလျှင် ၈၀၀၀ကျပ်မှ ၉၀၀၀ကျပ်အထိ၊ ချင်းတစ်ပိဿာလျှင် ၅၀၀၀ကျပ်၊ ငရုတ်သီးခြောက်တစ်ပိဿာလျှင် အမျိုးအစားအလိုက် ၁၇၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်အထိ၊ အာလူး တစ်ပိဿာလျှင် ၂၈၀၀ကျပ်မှ ၃၆၀၀ကျပ်အထိ၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ၂၈၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေပါသည်။

     ကြက်ဥလက်လီဈေးနှုန်းမှာ (ကြီး)တစ်လုံးလျှင် ၃၀၀ကျပ်၊ (သေး) တစ်လုံးလျှင် ၂၅၀ကျပ်၊ ဘဲဥ (ကြီး) တစ်လုံးလျှင် (၃၅၀)ကျပ်၊ (သေး)တစ်လုံးလျှင် (၃၀၀)ကျပ်ရှိသည်။ ရွှေဘိုမြို့၏ အသားငါးဈေးနှုန်းများမှာ ကြက်သား(CP)  တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်မှ ၁၂၀၀၀ကျပ်အထိ၊ ကြက်သား (ဗမာ)တစ်ပိဿာလျှင် ၁၃၀၀၀ကျပ်မှ ၁၅၀၀၀ကျပ်အထိ၊  ဝက်သားတစ်ပိဿာလျှင် ၂၀၀၀၀ကျပ်မှ ၂၂၀၀၀ကျပ်အထိ၊ အမဲသားတစ်ပိဿာလျှင် ၁၄၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်အထိ၊  ငါးမြစ်ချင်းတစ်ပိဿာလျှင် ၇၅၀၀ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် ၇၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေကြောင်းသိရသည်။

  စားသုံးဆီဈေးနှုန်းများမှာ ပဲဆီသန့်တစ်ပိဿာလျှင် ၁၈၀၀၀ကျပ်၊  စားအုန်းဆီတစ်ပိဿာလျှင် ၈၈၀၀ကျပ်နှင့် နှမ်းဆီတစ်ပိဿာလျှင် ၁၈၀၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်းသိရပါသည်။

DOCA(စစ်ကိုင်း)