မုံရွာမြို့ဆီကုန်သည်များအသင်း၏ စားအုန်းဆီများရောင်းချပေးနေမှုအား ကွင်းဆင်းကြီးကြပ်

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့် ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကိုဖွဲ့စည်းပြီး ပြည်ပမှတင်သွင်းလာသည့် စားသုံးဆီများ သတ်မှတ်အရည်အသွေးစံချိန်စံညွှန်းများနှင့်ပြည်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများကိုသုံးစွဲနိုင်ရေး၊ စျေးနှုန်းတည်ငြိမ်စွာဝယ်ယူစားသုံးနိုင်ရေး စားအုန်းဆီကမ္ဘာ့စျေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်စျေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် (၂၈-၈-၂၀၂၃) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မုံရွာမြို့၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနရှိ ဝန်ထမ်းများအား ကုမ္ပဏီများမှဖြန့်ဖြူးရောင်းချသော စားအုန်းဆီများကို စစ်ကိုင်းတိုင်းဒေသကြီးဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း၏ စျေးကားဖြင့် စားအုန်းဆီ(၁)ပိဿာလျှင် (၄၆၀၀) ကျပ်၊ ဘူးခွံတစ်ဘူးလျှင် (၈၀၀)ကျပ်၊ စုစုပေါင်းစားအုန်းဆီ(၁) ပိဿာလျှင် (၅၄၀၀) ကျပ်နှုန်းဖြင့် ဝန်ထမ်းတစ်ဦးလျှင် (၁) ပိဿာနှုန်းစီရောင်းချပေးနေမှုအား မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းတို့က သွားရောက်၍ ပူးပေါင်းကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။

  ထိုသို့ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ရာ၌ စားသုံးသူပြည်သူများအဆင်ပြေချောမွေ့စွာဝယ်ယူနိုင်ရေး၊ စားအုန်းဆီစျေးနှုန်းများမှန်ကန်ရေး၊ အလေးချိန်ပြည့်ဝမှန်ကန်မှုရှိစေရေး၊ စားအုန်းဆီဝယ်ယူရာတွင် စနစ်တကျရှိစေရေး ကြီးကြပ်ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)