မုံရွာမြို့တွင်ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများ

Powered by Drupal

 မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားဈေးနှုန်းများကို နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

   မုံရွာမြိုတွင် စက်သုံးဆီဆိုင် (၂၇)ဆိုင်ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ဩဂုတ်လ (စတုတ္ထပတ်) တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင် (၂၃၀၅) ကျပ်၊ ဓာတ်ဆီ (95) တစ်လီတာလျှင် (၂၄၂၅)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၄၇၀) ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၅၅၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရသည်။

   ၂၀၂၃ခုနှစ်၊ ဩဂုတ်လ (နောက်ဆုံးပတ်) တွင်ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင် (၂၃၃၅) ကျပ်၊ ဓာတ်ဆီ (95) တစ်လီတာလျှင် (၂၄၄၅)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၅၃၅) ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၆၁၀)ကျပ်ဖြင့် ရောင်းချနေသောကြောင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဓာတ်ဆီ(92) တစ်လီတာလျှင် (၃၀)ကျပ်၊ ဓာတ်ဆီ(95) တစ်လီတာလျှင်(၂၀)ကျပ်၊ ဒီဇယ် (ရိုးရိုး) တစ်လီတာလျှင် (၆၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၆၀) ကျပ်ဖြင့် ဈေးနှုန်းအသီးသီးတက်လျက်ရှိကြောင်း စက်သုံးဆီဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)