ရွှေဘိုမြို့၌ ဩဂုတ်လ (စတုတ္ထပတ်)တွင် စားသုံးဆီဈေးနှုန်းများကျဆင်း

Powered by Drupal

   စီးပွား‌‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် မေးမြန်းတင်ပြလျက်ရှိရာ ဩဂုတ်လ (နောက်ဆုံးပတ်) တွင်  ရွှေဘိုမြို့၌ စားအုန်းဆီဈေးနှုန်းများကျဆင်းလျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်များမှသိရသည်။

   ရွှေဘိုမြို့ပေါ်တွင် စားသုံးဆီလက်လီ/လက်ကားရောင်းချသောဆိုင် (၁၂)ဆိုင်ရှိပြီး ၂၀၂၃ခုနှစ်၊ သြဂုတ်လ (စတုတ္ထပတ်) တွင် စားအုန်းဆီတစ်ပိဿာလျှင် (၁၀၉၀၀)ကျပ်၊ ပဲဆီသန့်တစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုဩဂုတ်လ (နောက်ဆုံးပတ်) တွင် စားအုန်းဆီတစ်ပိဿာလျှင် (၈၈၀၀)ကျပ်၊ ပဲဆီသန့်တစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေသဖြင့် ယခင်အပတ်စားသုံးဆီတစ်ပိဿာဈေးနှုန်းနှင့် ယခုအပတ်စားသုံးဆီတစ်ပိဿာဈေးနှုန်းတို့ကိုနှိုင်းယှဉ်ကြည့်ပါက စားအုန်းဆီတစ်ပိဿာလျှင် (၂၁၀၀)ကျပ်ဈေးနှုန်းကျဆင်းခဲ့ပြီး ပဲဆီသန့်နှင့် နှမ်းဆီသန့်ဈေးနှုန်းတို့မှာ ယခင်အပတ်နည်းတူ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း  စားသုံးဆီလက်ကားအရောင်းဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)