မုံရွာကုန်စည်ဒိုင်၏ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်း၊ မြေပဲသီးနှံနှင့် နှမ်းမျိုးစုံတို့၏ ဈေးနှုန်းပြောင်းလဲမှုအခြေအနေ

Powered by Drupal

    မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ် ကာလတူဈေးထက် ယခု၂၀၂၃ခုနှစ် ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများ ဈေးပိုကောင်းလျက်ရှိပါကြောင်း မုံရွာကုန်စည်ဒိုင်ဈေးနှုန်းသတင်းများအရသိရသည်။

မတ်ပဲ

     မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်၊ ဩဂုတ်လ (နောက်ဆုံးပတ်) တွင် ပဲတစ်တင်းလျှင် ကျပ်၆၅၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ ဩဂုတ်လ (နောက်ဆုံးပတ်) တွင် ပဲတစ်တင်းလျှင် ကျပ်၈၈၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်သောင်းကျော်ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀မှ ၁၅ခန့် အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

ပဲစဉ်းငုံ

    မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်၊ ဩဂုတ်လ (နောက်ဆုံးပတ်) တွင် ပဲတစ်တင်းလျှင် ကျပ်၆၃၅၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ ဩဂုတ်လ၊ (နောက်ဆုံးပတ်) တွင် ပဲတစ်တင်းလျှင် ကျပ်၁၀၀၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်သုံးသောင်းကျော်ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀မှ ၁၅ခန့်အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ပဲတီစိမ်း

     မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်၊ ဩဂုတ်လ (နောက်ဆုံးပတ်) တွင် ပဲတစ်တင်းလျှင် ကျပ်၅၂၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ ဩဂုတ်လ (နောက်ဆုံးပတ်) တွင် ပဲတစ်တင်းလျှင် ကျပ်၅၄၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်ငါးထောင်ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀မှ ၁၅ခန့်အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ကုလားပဲ

     မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်၊ ဩဂုတ်လ (နောက်ဆုံးပတ်) တွင် ကုလားပဲဖြူလုံးကြီးတစ်တင်းလျှင် ကျပ်၆၇၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ ဩဂုတ်လ (နောက်ဆုံးပတ်) တွင် ပဲတစ်တင်းလျှင် ကျပ်၉၁၀၀၀၊ 929  တစ်တင်းလျှင် ကျပ်၆၂၅၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ ဩဂုတ်လ (နောက်ဆုံးပတ်) တွင် ပဲတစ်တင်းလျှင် ကျပ်၉၀၀၀၀၊ ထိုင်ဝမ်တစ်တင်းလျှင် ကျပ်၆၁၅၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ ဩဂုတ်လ (နောက်ဆုံးပတ်) တွင် ပဲတစ်တင်းလျှင် ကျပ်၈၉၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်သောင်းခွဲခန့်မှ သုံးသောင်းခန့်အထိပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၅မှ ၂၀ခန့်အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

စွန်တာနီ/ပြာ

     မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်၊ ဩဂုတ်လ (နောက်ဆုံးပတ်) တွင် ပဲတစ်တင်းလျှင် ကျပ်၅၁၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ်၊ ဩဂုတ်လ (နောက်ဆုံးပတ်) တွင် ပဲတစ်တင်းလျှင် ကျပ်၅၈၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်ခုနှစ်ထောင်ပိုမိုခဲ့ပါသည်၊ တစ်ရက်လျှင် အိတ်ရေ ၅မှ ၁၀ခန့်အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ထောပတ်ပဲ

     မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်၊ ဩဂုတ်လ (နောက်ဆုံးပတ်) တွင် ပဲတစ်တင်းလျှင် ကျပ်၅၆၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ်၊ ဩဂုတ်လ (နောက်ဆုံးပတ်) တွင် ပဲတစ်တင်းလျှင် ကျပ်၁၂၀၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ခြောက်သောင်းခွဲခန့်ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၁၀မှ ၁၅ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

အစေ့ထုတ်ပြောင်း

    မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်၊ ဩဂုတ်လ (နောက်ဆုံးပတ်) တွင် ပြောင်းတစ်တင်းလျှင် ကျပ်၁၇၃၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ ဩဂုတ်လ (နောက်ဆုံးပတ်) တွင် ပြောင်းတစ်တင်းလျှင် ကျပ်၂၁၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်လေးထောင်ခန့်ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၅မှ ၁၀ခန့်အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

မြေပဲဆံသီးနှံ

     မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်၊ ဩဂုတ်လ (နောက်ဆုံးပတ်) တွင် မြေပဲဆံနီတစ်ပိဿာလျှင် ကျပ်၆၅၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ ဩဂုတ်လ (နောက်ဆုံးပတ်) တွင် တစ်ပိဿာလျှင် ကျပ်၉၂၀၀၊ ယခင်နှစ်၊ ဩဂုတ်လ (နောက်ဆုံးပတ်) တွင် မြေပဲဆံဖြူတစ်ပိဿာလျှင် ကျပ်၆၅၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ ဩဂုတ်လ (နောက်ဆုံးပတ်) တွင် တစ်ပိဿာလျှင် ကျပ်၇၀၀၀၊ တစ်ပိဿာလျှင် ကျပ်ငါးရာမှ သုံးထောင်ခန့်အထိပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀မှ ၂၀ခန့်အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

နှမ်းမျိုးစုံသီးနှံ

     မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်၊ ဩဂုတ်လ (နောက်ဆုံးပတ်) တွင် နှမ်းနက်တစ်တင်းလျှင် ကျပ်၁၀၀၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ ဩဂုတ်လ (နောက်ဆုံးပတ်) တွင် တစ်တင်းလျှင် ကျပ်၁၂၁၀၀၀၊ နှမ်းဖြူတစ်တင်းလျှင် ကျပ်၉၃၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ ဩဂုတ်လ (နောက်ဆုံးပတ်) တွင် တစ်တင်းလျှင် ကျပ်၁၃၀၀၀၀၊ နှမ်းညိုတစ်တင်းလျှင် ကျပ်၇၃၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ ဩဂုတ်လ (နောက်ဆုံးပတ်) တွင် တစ်တင်းလျှင် ကျပ်၁၀၄၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်သောင်းကျော်မှ လေးသောင်းခန့်အထိပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၁၀မှ ၁၅ခန့်အရောင်းအဝယ်ဖြစ်ကြောင်း မုံရွာကုန်စည်ဒိုင်ဈေးနှုန်းများစာရင်းအရသိရပါသည်။

DOCA(စစ်ကိုင်း)