ရွှေဘို့မြို့၌ ဩဂုတ်လ (စတုတ္တပတ်) တွင် စက်သုံးဆီဈေးနှုန်းများ အနည်းငယ်မြင့်တက်

Powered by Drupal

   မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားဈေးနှုန်းများကို နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

     ရွှေဘိုမြို့၌ စက်သုံးဆီဆိုင် (၁၉)ဆိုင်ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ်၊ သြဂုတ်လ (စတုတ္ထပတ်) တွင်ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင် (၂၃၅၅)ကျပ်၊ ဓာတ်ဆီ(95)တစ်လီတာလျှင် (၂၄၇၅)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၅၀၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၅၇၅)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရသည်။

    ယခုဩဂုတ်လ (နောက်ဆုံးပတ်) တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင် (၂၃၆၅)ကျပ်၊ ဓာတ်ဆီ(95)တစ်လီတာလျှင် (၂၅၂၅)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၅၂၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၆၀၀)ကျပ်ဖြင့် ရောင်းချနေသောကြောင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဓာတ်ဆီ(92) တစ်လီတာလျှင် (၁၀)ကျပ်၊ ဓာတ်ဆီ(95) တစ်လီတာလျှင် (၅၀)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၅)ကျပ်ဖြင့် ဈေးနှုန်းအသီးသီးအနည်းငယ်မြင့်တက်လျက်ရှိကြောင်း စက်သုံးဆီဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)