စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ကြက်သွန်နီဈေးနှုန်း အနည်းငယ်မြင့်တက်

Powered by Drupal

   မုံရွာမြို့ပေါ်ရှိ ကြက်သွန်နီကုန်ဝယ်ဒိုင်များသို့ ပုလဲ၊ ချောင်းဦး၊ ယင်းမာပင်၊ ဘုတလင်၊ ဆားလင်းကြီးနယ်များမှ ကြက်သွန်နီများအပြင် မုံရွာမြို့နယ်အတွင်း ကြက်သွန်နီအများဆုံးစိုက်ပျိုးထွက်ရှိရာဒေသများဖြစ်ကြသော မြေနဲကျေးရွာ၊ အောင်သာကျေးရွာ၊ မင်းကျေးရွာ၊ ကုတောပလ္လင်ကျေးရွာ၊ လယ်တီကျေးရွာ၊ တုံကျေးရွာ၊ နှုန်းကြီးကျေးရွာ စသည့်ကျေးရွာများမှ ကြက်သွန်နီများတင်ပို့ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။ ဩဂုတ်လ (နောက်ဆုံးပတ်)၏ ကြက်သွန်နီလက်ကားဒိုင်ဈေးမှာ ထိပ်စတစ်ပိဿာလျှင် ကျပ်၃၅၀၀၊ အလတ်စတစ်ပိဿာလျှင် ကျပ်၃၃၀၀၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်၃၀၀၀ဖြင့် နေ့စဉ် အရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။

   မုံရွာမြို့ပေါ်ရှိ ကန်သာယာဈေးနှင့် ဈေးဟောင်းတို့တွင် ကြက်သွန်နီလက်လီရောင်းချသည့်ဈေးနှုန်းမှာ အရည်းအသွေးကိုလိုက်၍ ထိပ်စတစ်ပိဿာလျှင် ကျပ် (၃၆၀၀-၃၇၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ် (၃၄၀၀-၃၅၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ် (၃၀၀၀-၃၂၀၀) ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရသည်။ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် ယခုအချိန်သည် ကြက်သွန်ပေါ်ချိန်မဟုတ်သေးဘဲ ဂိုဒေါင်များမှာ သိုလှောင်ထားသော ကြက်သွန်များကိုသာရောင်းချနေကြရခြင်းဖြစ်သဖြင့် လက်ကျန်နည်း၍ ဈေးနှုန်းမှာ ယခင်လထက် အနည်းငယ်မြင့်တက်နေကြောင်း မုံရွာမြို့ပေါ်ရှိ ကြက်သွန်ပွဲရုံပိုင်ရှင်တစ်ဦးထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)