ပခုက္ကူမြို့မစည်ပင်သာယာဈေး၌ ဩဂုတ်လ(စတုတ္ထပတ်)တွင်ရောင်းချလျက်ရှိသော အခြေခံစားကုန်ဈေးနှုန်းများ

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြို့မစည်ပင်သာယာဈေးနှင့် ပန်းခြံဈေးတို့တွင် ပခုက္ကူမြို့နယ်အနီးအနားရှိ ကျေးရွာများမှ ဟင်းသီးဟင်းရွက်များ၊ ကမ္မ၊မြစ်ခြေနှင့် ကျောက်ပန်းတောင်း၊  မန္တလေးတိုင်းဒေသကြီးအတွင်းရှိ  ညောင်ဦးနယ်များရှိ ကျွန်းများမှကုန်သည်များ လာရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

    ၂၀၂၃ခုနှစ်၊ ဩဂုတ်လ (စတုတ္ထပတ်) တွင် ပခုက္ကူမြိုစည်ပင်သာယာဈေး၌ ရောင်းချနေသောအခြေခံစားကုန်များ၏ဈေးနှုန်းများမှာ ဧည်မထဆန်တစ်ပြည်လျှင် ကျပ်(၃၆၀၀)၊ ငရုတ်သီးခြောက်(အရှည်) တစ်ပိဿာလျှင် ကျပ်(၁၇၀၀၀- ၁၈၀၀၀)၊ ငရုတ်ခြောက်(အပု) တစ်ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ ကြက်သွန်နီ လက်ကားထိပ်စတစ်ပိဿာလျှင် ကျပ်(၃၆၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ်(၃၄၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၃၃၀၀)၊ ကြက်သွန်ဖြူ (ဗမာ) တစ်ပိဿာလျှင် ကျပ် (၁၀၀၀၀-၁၂၀၀၀-၁၃၀၀၀)၊ ကြက်သွန်ဖြူ (ရှမ်းစ)တစ်ပိဿာလျှင် ကျပ်(၈၀၀၀)၊ နနွင်းတက်တစ် ပိဿာလျှင် ကျပ်(၇၀၀၀)၊  ချင်းတက်တစ်ပိဿာလျှင် ကျပ်(၅၅၀၀-၆၀၀၀)၊ အိမ်သုံးဆားတစ်ပိဿာလျှင် ကျပ်(၆၅၀)၊ မန်ကျည်သီးမှည့်  (အစေ့လွတ်) တစ်ပိဿာလျှင် ကျပ်(၃၅၀၀)၊မြေပဲဆံတစ်ပြည်လျှင် ကျပ်(၈၅၀၀)၊ ကုလားပဲခြမ်းတစ်ပြည်လျှင် ကျပ်(၇၈၀၀)၊ ပဲတောင့်ရှည်တစ်ပိဿာလျှင် ကျပ် (၂၅၀၀)၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် ကျပ်(၁၃၀၀)၊  ခဝဲသီးတစ်ပိဿာလျှင်  ကျပ်(၄၀၀-၅၀၀)၊  ခရမ်းသီးတစ်ပိဿာလျှင် ကျပ်(၂၀၀၀)၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ်(၂၄၀၀)၊ မွေမြူရေးကြက်တစ်ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ ဝက်သားတစ်ပိဿာလျှင် ကျပ် (၂၀၀၀၀)၊ ဆိတ်သားတစ်ပိဿာလျှင် ကျပ် (၂၂၀၀၀)၊ ကန်စွန်းရွက်တစ်စည်းလျှင် ကျပ်(၃၅)၊ ချဉ်ပေါင်ရွက်တစ်စည်းလျှင် ကျပ်(၅၀)၊ ကြက်ဥတစ်လုံးလျှင် ကျပ်(၂၇၅-၃၀၀)၊ ဘဲဥတစ်လုံးလျှင် ကျပ်(၃၅၀)၊ စက်ပဲဆီအသန့်တစ်ပိဿာလျှင် ကျပ် (၁၄၀၀၀)၊ နှမ်းဆီတစ်ပိဿာလျှင် ကျပ်(၁၃၀၀၀) ကျပ်၊ နေကြာဆီတစ်ပိဿာလျှင် ကျပ် (၁၃၀၀၀)၊  ၁၆ပဲရည်ရွှေတစ်ကျပ်သားလျှင် ကျပ်(၃၈၀၀၀၀၀)ရှိကြောင်း မြိုင်မဟာရွှေ၊ ရွှေဆိုင်နှင့် မြို့မစည်ပင်ဈေးသည်များထံမှသိရှိရပါသည်။

DOCA(မကွေး)