ချောက်မြို့၌ အစေ့ချ (Seeder) စနစ်ဖြင့် မိုးစပါးစိုက်ပျိုး

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၊ စလေဥမင်ကိုးပေါက် လျှပ်စစ်မြစ်ရေတင်ဒေသ၊ ဓါတ်မြေကျေးရွာအုပ်စု(၂၂၆၆)ကွင်းရှိ တောင်သူဦးဝင်းစိုး၏ လယ်တွင် Seeder စနစ်ဖြင့် မိုးစပါး (၁.၀၀)ဧကအစေ့ချစိုက်ပျိုးမှုအား ချောက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်အေးမြင့်မြတ်သင်းနှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ တောင်သူများဖြင့် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရပါသည်။

ချောက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့သည် စိုက်ပျိုးရေးဦးစီးဌာန၊ စလေမြို့၊ ရှေ့တန်းစခန်းရုံးတွင် မြစ်ရေတင်ဒေသနှင့် ဧရာဝတီမြစ်ကမ်းဘေး (စလေမြို့၊ ဓါတ်မြေအုပ်စု၊ ရသစ်အုပ်စု၊ ညီစုအုပ်စု၊ လက်ပံကျွန်းအုပ်စုနှင့် ဥယျာဉ်အုပ်စု)ရှိ အာလူး၊ ကြက်သွန်စိုက်တောင်သူများနှင့်တွေ့ဆုံ၍ အထွက်နှုန်းကောင်းမွန်အောင်စိုက်ပျိုးကြရန်၊ မိုးစပါးစိုက်ဧရိယာများ စိုက်ပျိုးရေလုံလောက်စွာရရှိစေရန်၊ မြစ်ရေတင်ဒေသသည် ရေရရှိရန်သေချာသည့်နေရာဖြစ်သည့်အတွက် တောင်သူများဝင်ငွေတိုးပွားစေရန် (၁)သီးမှ (၂)သီး၊ (၂)သီးမှ (၃)သီး စနစ်ဖြင့် အလေးထားစိုက်ပျိုးသွားကြရန်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အာလူး၊ ကြက်သွန်စိုက်တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေကို စနစ်တကျထုတ်ချေးသွားမည်ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာဌာနများကလည်း မိမိဌာနအလိုက်ဆွေးနွေး မှာကြားခဲ့ပြီး တောင်သူများအား ပိုက်ဆံလျှော်မျိုးစေ့ထုတ်များထောက်ပံ့ပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)