ဩဂုတ်လအတွင်း သိမ်ဖြူဈေးတွင် ဖြစ်ပေါ်ခဲ့သော ကြက်သွန်ဖြူ/နီ လက်ကားဈေးနှုန်းများ

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ် သိမ်ဖြူဈေးကြီးအတွင်း ကြက်သွန်ဖြူ၊ ကြက်သွန်နီများအား ကား၊ ရထားတို့ဖြင့် ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် ရှမ်းပြည်နယ်တို့မှ နေ့စဉ် ဝင်ရောက်လျက်ရှိပြီး လက်လီလက်ကား ပြန်လည်ရောင်းချလျက်ရှိရာ ၂၀၂၃ခုနှစ်၊ ဩဂုတ်လပထမပတ်တွင် ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် (၆၅၀၀)ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်) (၉၆၀၀) ပိဿာ ဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ(ဆိပ်ဖြူ)လက်ကားဈေးမှာ ၁ပိဿာလျှင် ၁၈၅၀ ကျပ်မှ ၂၄၅၀ ကျပ် ထိ ဖြစ်၍ ကြက်သွန်ဖြူ(ကြူကုတ်) လက်ကားဈေးမှာ ၁ပိဿာလျှင် ၇၀၀၀ ကျပ်မှ ၈၀၀၀ ကျပ်ထိရှိခဲ့ပါသည်။ ဩဂုတ်လဒုတိယပတ်အတွင်း ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် (၃၃၆၀၀)ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်) (၈၈၀၀)ပိဿာ ဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ(ဆိပ်ဖြူ)လက်ကားဈေး မှာ ၁ပိဿာလျှင် ၂၄၀၀ ကျပ်မှ ၂၈၀၀ ကျပ် ထိ ဖြစ်၍ ကြက်သွန်ဖြူ(ကြူကုတ်) လက်ကားဈေး မှာ ၁ပိဿာလျှင် ၇၅၀၀ ကျပ်မှ ၇၈၀၀ ကျပ်ထိ ဖြစ်ခဲ့ပါသည်။ ဩဂုတ်လတတိယပတ်အတွင်း ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် (၅၅၇၀၀)ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်) (၉၄၀၀) ပိဿာ ဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ(ဆိပ်ဖြူ)လက်ကားဈေး မှာ ၁ပိဿာလျှင် ၂၇၀၀ ကျပ်မှ ၄၂၀၀ ကျပ် ထိ ဖြစ်၍ ကြက်သွန်ဖြူ(ကြူကုတ်) လက်ကားဈေးမှာ ၁ပိဿာလျှင် ၇၃၀၀ ကျပ်မှ ၈၄၀၀ ကျပ် ထိရှိခဲ့ပါသည်။ ဩဂုတ်လစတုတ္ထပတ်အတွင်း ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် (၅၄၄၀၀)ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်) (၁၀၂၀၀) ပိဿာ ဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ(ဆိပ်ဖြူ)လက်ကားဈေးမှာ ၁ပိဿာလျှင် ၃၀၀၀ ကျပ်မှ ၃၈၀၀ ကျပ် ထိ ဖြစ်၍ ကြက်သွန်ဖြူ(ကြူကုတ်) လက်ကားဈေးမှာ ၁ပိဿာလျှင် ၈၀၀၀ ကျပ်မှ ၈၄၀၀ ကျပ်ထိဖြစ်ပေါ်ခဲ့ပြီး ကြက်သွန်ဖြူ/နီဈေးနှုန်းများမှာ အနည်းငယ် အတက်အကျဖြစ်လျက်ရှိကြောင်း ဈေးတာဝန်ခံရုံးမှ သတင်းရရှိပါသည်။

DOCA(ရန်ကုန်)