စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်အနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို နေ့စဉ်တင်ပြလျက်ရှိပါသည်။
ရွှေဘိုမြို့တွင် စားဖိုဆောင်သီးနှံဖြစ်သည့် ကြက်သွန်နီဈေးနှုန်းမှာ ဇူလိုင်လဆန်းမှစ၍ ဩဂုတ်လ ဒုတိယပတ်အထိ ကြက်သွန်နီ (ကြီး) တစ်ပိဿာလျှင် (၂၀၀၀)ကျပ်၊ ကြက်သွန်နီ(လတ်) တစ်ပိဿာလျှင် (၁၈၀၀)ကျပ်နင့် ကြက်သွန်နီ (သေး) တစ်ပိဿာလျှင် (၁၅၀၀)ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်ခဲ့ပြီး ဩဂုတ်လ တတိယပတ်မှ စတင်၍ ဈေးနှုန်း မြင့်တက်လျက်ရှိရာ ယခုဩဂုတ်လ နောက်ဆုံးပတ်တွင် ကြက်သွန်နီ (ကြီး)တစ်ပိဿာလျှင် (၃၇၀၀)ကျပ်၊ ကြက်သွန်နီ (လတ်) တစ်ပိဿာလျှင် (၃၀၀၀)ကျပ်နှင့် ကြက်သွန်နီ (သေး) တစ်ပိဿာလျှင် (၂၇၀၀)ကျပ်ဖြင့် အသီးသီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
ကြက်သွန်နီ ဈေးနှုန်းမြင့်တက်ရခြင်းမှာ ကြက်သွန်နီများ ဝင်ရောက်မှုနည်းပါးလာပြီး၊ လက်ကျန်များ နည်းပါးလာခြင်းကြောင့်ဖြစ်ကြောင်း ရွှေဘိုမြို့စည်ပင်သာယာဈေးအတွင်းရှိ ကြက်သွန်နီ ပွဲရုံများမှ သတင်းရရှိသည်။
DOCA(စစ်ကိုင်း)