တောင်ငူမြို့ အလက ပန်းပဲတန်းတွင် အသိပညာပေးဟောပြော ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

     တောင်ငူမြို့၊ ပန်းပဲတန်း အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းသား ၊ကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲကို ဩဂုတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ စားသုံးသူရေးရာဦးစီးဌာန တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဒေါ်သဲစုလွင်က စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့ပါသည်။

        ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သဲစုလွင်က စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေတွင် ထုတ်ကုန်များလုံခြုံစိတ်ချရမှု ရှိစေရေးအတွက် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြရန်ပြဌာန်းထားရှိမှုများ၊ ကုန်စည်များ ဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသောကုန်စည်များကိုသာ ဝယ်ယူသုံးစွဲသင့်ပုံများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက တိုင်ကြားနိုင်ခြင်းများကို ဟောပြောဆွေးနွေးခဲ့ပါသည်။

      ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်သူဇာဝင်းက စာဖတ်ခြင်း၏အကျိုးကျေးဇူးများကိုလည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ် အားကစားမှူး ဒေါ်သူဇာထွေးက လူငယ်နှင့်အားကစားအကြောင်းအရာကိုလည်းကောင်း ဟောပြောခဲ့ရာ ဟောပြောပွဲသို့ ကျောင်းသားကျောင်းသူ ၁၇၄ ဦးတက်ရောက်ပါသည်။

      ဟောပြောပွဲအပြီးတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဒေါ်အေးအေးခိုင်သည် ပူးပေါင်းအဖွဲ့ဝင်များနှင့်အတူ ကျောင်းမုန့်ဈေးတန်းအတွင်း ရောင်းချနေသော မုန့်များနှင့် အချိုရည်များတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်နှင့်အညီ ကုန်အညွန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိကို စောင့်ကြည့်စစ်ဆေး ခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)