ပခုက္ကူကုန်စည်ဒိုင်၌ ဩဂုတ်လ(စတုတ္ထပတ်)တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ကြက်သွန်နီ/ ကြက်သွန်ဖြူဈေးနှုန်းဈေးကွက်

Powered by Drupal

    ကြက်သွန်နီကုန်စည်ဒိုင်တွင် ကြက်သွန်နီစိုက်ပျိုးရာဒေသများဖြစ်ကြသော ပေါက်၊ ဆိပ်ဖြူ၊ ရေပြာ၊ ကမ္မ၊ ရေစကြိုနှင့် ပခုက္ကူကျွန်းများမှ ဆောင်းစိုက်ပင်စိုက်များအရောင်းအဝယ်ဖြစ်လျက်ရှိသည့်အပြင် တခြားဒေသများဖြစ်သော ပုလဲ၊ မြင်းခြံမြို့၊ တောင်သာမြို့နယ်၊ ညောင်ဦးတို့မှ ဆောင်းစိုက် (ပင်စိုက်) ကြက်သွန်နီများအပြင် ကြက်သွန်ဖြူများလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်နေပါသည်။

  ၂၀၂၃ခုနှစ်၊ ဩဂုတ်လ (စတုတ္ထပတ်) တွင် ပခုက္ကူကြက်သွန်နီကုန်စည်ဒိုင်၏ ကြက်သွန်နီဒိုင်ပြတ်ဈေးမှာ ပေါက်နယ် (ယောစ) ထိပ်စတစ်ပိဿာလျှင် ကျပ်(၃၂၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ်(၂၉၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၂၆၀၀)၊ ပုလဲကြက်သွန်နီထိပ်စတစ်ပိဿာလျှင် ကျပ်(၃၁၅၀)၊  အလတ်စတစ်ပိဿာလျှင် ကျပ်(၂၈၅၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၂၅၀၀)ဖြင့် နေ့စဉ် ကုန်ချိန်(၅၀၀၀၀ မှ ကုန်ချိန်(၁၀၀၀၀၀)ကျော်အရောင်းအဝယ်ဖြစ်နေပြီး တင်ပို့မှုအနေဖြင့် ရန်ကုန် ဘုရင့်နောင်၊ ပြည်ပအနေဖြင့် တရုတ်နှင့် ဗီယက်နမ်နိုင်ငံများသို့လည်းတင်ပို့နေကြောင်း ကုန်သည်များထံမှသိရှိရပါသည်။

    ကြက်သွန်ဖြူ(ဗမာ)ဒိုင်ပြတ်လက်ကားဈေးမှာ အရည်အသွေးပေါ်မူတည်၍ ထိပ်စတစ်ပိဿာလျှင် ကျပ်(၈၅၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ်(၈၃၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၈၀၀၀) ဖြစ်ပြီး (ကြက်သွန်ဖြူ (ရှမ်းစ) ထိပ်စတစ်ပိဿာလျှင် ကျပ်(၇၅၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ်(၇၃၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၇၀၀၀)ဖြင့် ဥပုသ်နေ့မှလွဲ၍ အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

DOCA(မကွေး)