တောင်ငူဒေသ မိုးရာသီရေကြီးမှုကြောင့် သခွားသီးနှင့်ရုံးပတီသီးများဈေးတက်

Powered by Drupal

        တောင်ငူဒေသတွင် ယခင်အပတ်က မိုးရွာသွန်းမှုများသောကြောင့် ရေကြီးနစ်မြှုပ်မှုများ ဖြစ်ခဲ့၍ တပိုင်တနိုင်စိုက်ပျိုးကြသော သခွာသီးနှင့် ရုံးပတီသီးများပျက်စီးမှုများ ရှိခဲ့သဖြင့် ယခုအပတ်တွင် ဈေးနှုန်းမြင့်တက်လာပါသည်။

     ယခင်က သခွားသီးမှာ စိုက်ခင်းဈေး တစ်ပိဿာ ၂၅၀ ကျပ်မှ ၃၀၀ ကျပ်အထိရှိပြီး မြို့ပေါ် ရှိ ဈေးများတွင် တစ်ပိဿာလျှင် ၅၀၀ ကျပ်မှ ၆၀၀ ကျပ်အထိသာ ရှိခဲ့သော်လည်း ယခုသြဂုတ်လ နောက်ဆုံးပတ်တွင် စိုက်ခင်းဈေး တစ်ပိဿာ ၁၀၀၀ ကျပ်မှ ၁၁၀၀ ကျပ်အထိရှိသဖြင့် မြို့ပေါ်ဈေး များတွင် တစ်ပိဿာလျှင် ၁၅၀၀ ကျပ်မှ ၁၆၀၀ ကျပ်အထိ ရောင်းချပါသည်။

    ရုံးပတီသီးမှာ ယခင်က စိုက်ခင်းတွင် ၁၀ စည်းကတ် တစ်ကတ်လျှင် ၉၀ ကျပ်မှ ၁၁၀ ကျပ် အထိရှိပြီး မြို့ပေါ်ဈေးတွင် ၁၀ စည်း တစ်ကတ်လျှင် ၁၅၀ ကျပ်မှ ၂၀၀ ကျပ်အထိသာ ရှိသော် လည်း ယခုသြဂုတ်လ နောက်ဆုံးပတ်တွင် စိုက်ခင်းဈေး ၁၀ စည်း တစ်ကတ်လျှင် ၂၅၀ ကျပ်မှ ၃၀၀ ကျပ်အထိရှိပြီး မြို့ပေါ်ဈေးများတွင် ၁၀ စည်း တစ်ကတ်လျှင် ၄၅၀ ကျပ်မှ ၅၀၀ ကျပ်အထိ ရောင်းချ ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)