ညောင်လေးပင်မြို့ ဆန်ဈေးနှုန်း

Powered by Drupal

      ပဲခူးတိုင်းဒေသကြီး ၊ ညောင်လေးပင်ခရိုင် ၊ ညောင်လေးပင် မြို့မဈေးကြီးတွင် ဆန်၊ အသား/ ငါး၊ ဟင်းသီးဟင်းရွက်များ၊ အသီးအနှံများ၊ အလှကုန်လူသုံးကုန်ပစ္စည်းများ စသည်ဖြင့် စည်ကား သိုက်မြိုက်စွာ ရောင်းချလျက်ရှိပါသည်။

     မြို့မ(၁)ရပ်ကွက်၊ ဘုရားကြီးလမ်း ပန်းကံ့ကော်ဆန်ဆိုင်မှ ဆန်ဈေးနှုန်းများစုံစမ်းခဲ့ရာ ဩဂုတ်လ တတိယအပတ်တွင် ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင်(၁၄၉၀၀၀)ကျပ်၊ ရွှေဘို ပေါ်ဆန်း တစ်ပြည်လျှင်(၆၃၀၀)ကျပ်၊ မြောင်းမြပေါ်ဆန်း တစ်အိတ်လျှင်(၁၂၀၀၀၀ )ကျပ်၊ မြောင်းမြပေါ်ဆန်း တစ်ပြည်လျှင်(၅၀၀၀)ကျပ်၊ ပုသိမ်ဇီယာ တစ်အိတ်လျှင် (၈၃၀၀၀)  ကျပ်၊ ပုသိမ်ဇီယာ တစ်ပြည်လျှင် (၃၅၀၀)ကျပ်၊ရန်ကုန်ဇီယာ တစ်အိတ်လျှင် (၈၃၅၀၀)ကျပ်၊ ရန်ကုန်ဇီယာ တစ်ပြည်လျှင် (၃၆၀၀)ကျပ်၊  ဧည့်မထဆန်(ဟောင်း) တစ်အိတ်လျှင် ( ၈၁၀၀၀ )ကျပ်၊ ဧည့်မထဆန်(ဟောင်း) တစ်ပြည်လျှင်  (၃၄၀၀ )ကျပ် အသီးသီးရှိပြီး နေစဉ်နှင့်အမျှ ဈေးနှုန်းပြောင်းလဲနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)