မကွေးမြို့၊ နွားကူးကျေးရွာအနီးရှိ တန်(၃၀)ဆီစက်နှင့် ရန်ကင်းရပ်ကွက်ရှိ ပါရမီဆီဆိုင်တို့၌ စားသုံးသူပြည်သူများအား သက်သာသောစျေးနှုန်းဖြင့် စားအုန်းဆီများရောင်းချ

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကိုဖွဲ့စည်းပြီး ပြည်ပမှတင်သွင်းလာသည့်စားသုံးဆီများ သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများနှင့်ပြည့်မီရေး၊  စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများကိုသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဝယ်ယူစားသုံးနိုင်ရေး၊ စားအုန်းဆီကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေးအတွက် ထိန်းကျောင်းဆောင်ရွက်ရာတွင် မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် (၂၈-၈-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် မကွေးမြို့၊ နွားကူးကျေးရွာအနီးရှိ တန်(၃၀)ဆီစက်မှ စားအုန်းဆီ (၁) ပိဿာလျှင် ကျပ်(၄၅၀၀)ဖြင့် လူတစ်ဦးလျှင် (၁) ပိဿာနှုန်းရောင်းချပေးနေမှုနှင့်  ရန်ကင်းရပ်ကွက်ရှိ ပါရမီဆီဆိုင်မှ လူတစ်ဦးလျှင် (၁)ပိဿာနှုန်းဖြင့်ရောင်းချနေမှုအား  မကွေးခရိုင်ဦးစီးမှူး ဒေါ်တင်တင်လှဦးဆောင်သော ဝန်ထမ်းများက ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ကြပါသည်။

  ထိုသို့ကွင်းဆင်းကြီးကြပ်ရာ၌ စားသုံးသူပြည်သူများအဆင်‌ပြေချောမွေ့စွာဝယ်ယူနိုင်ရေး၊ စားအုန်းဆီဈေးနှုန်းများမှန်ကန်မှုရှိစေရေး၊ အလေးချိန်ပြည့်ဝမှန်ကန်မှုရှိစေရေး၊ စားအုန်းဆီဝယ်ယူရာ၌ စနစ်တကျရှိစေရန်အတွက် စားသုံးသူပြည်သူများအား တန်းစီးစနစ်ဖြင့် ရောင်းချပေးခြင်းတို့ကို ကြီးကြပ်၍ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)