ဘားအံမြို့၊ အ.ထ.က (၂)၊ ကျောင်းမုန့်ဈေးတန်းတွင် ကွင်းဆင်းစစ်ဆေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်သီတာဌေးနှင့် ဒေါ်မိခင်သူဇာ (အကြီးတန်းစာရေး) တို့သည် (၁-၉-၂၀၂၃) ရက်နေ့ (သောကြာနေ့)၊ နေ့လယ် (၁၁:၅၀) နာရီအချိန်တွင် ဘားအံမြို့ရှိ  အ.ထ.က (၂) ကျောင်းမုန့်ဈေးတန်း၌ ရောင်းချနေသော ကုန်စည်များကို ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ ကိုက်ညီမှုရှိ/ မရှိ ‌ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရသည်။

    ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီက  သတ်မှတ်ထားသော ဦးစားပေးဆောင်ရွက်မည့်  ကုန်စည် (၁၀) မျိုးအနက် အသင့်စားမုန့်အမျိုးမျိုးနှင့် အချိုရည်အမျိုးမျိုးတို့ကို ကုန်အညွှန်းအမှတ်အသားပြည်စုံစွာဖော်ပြထားမှုရှိ/ မရှိ စစ်ဆေးဆောင်ရွက်ခဲ့သည့်အပြင်  စစ်ဆေးရေးအရာရှိ ဒေါ်သီတာဌေးက ကျောင်းမုန့်ဈေးတန်းတွင်ရောင်းချနေသော ကျောင်းမုန့်ဈေးသည်များအား စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များအကြောင်းကိုလည်းကောင်း၊ ကုန်စည်များရောင်းချရာတွင် FDA ၏ ထောက်ခံချက်ရရှိသော ကုန်စည်များနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဥပဒေနှင့်အညီ ပြဋ္ဌာန်းသတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသည့် မုန့်များကိုသာရောင်းချကြရန်နှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကုန်စည်များကိုမရောင်းချရန် အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)