ကသာမြို့နယ်အတွင်း ၂၀၂၃-ခုနှစ် ဩဂုတ်လ နောက်ဆုံးအပတ် ဈေးကွက်အသီးသီး၌ ရောင်းချလျက်ရှိသော ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် (၁၃၀၀၀၀)ကျပ်၊ ဧရာမင်းဆန်တစ်အိတ် (၁၁၀၀၀၀)ကျပ်၊ ဧည့်မထ(ဆင်း-၃) တစ်အိတ်လျှင် (၈၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး စားသုံးဆီ ဈေးနှုန်းမှာ မြေပဲဆီတစ်ပိဿာ (၁၆၀၀၀)ကျပ်၊ နှမ်းဆီတစ်ပိဿာ (၁၅၀၀၀)ကျပ်နှင့် စားအုန်းဆီတစ်ပိဿာ(၁၂၀၀၀)ကျပ်ရှိကြောင်းသိရသည်။ ဩဂုတ်လ စတုတ္ထအပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ကြည့်ပါက စားသုံးဆီဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိပြီး ရွှေဘိုပေါ်ဆန်း ဆန်တစ်အိတ်ဈေးနှုန်းမှာ ကျပ်(၁၀၀၀၀)ခန့် မြှင့်တက်လာကြောင်းတွေ့ရှိရသည်။
စားဖိုဆောင်သီးနှံလက်လီဈေးနှုန်းများမှာ ကြက်သွန်နီ (အသစ်) အလုံး အသေး/အကြီးပေါ်မူတည်၍ တစ်ပိဿာ (၃၅၀၀ မှ ၄၀၀၀)ကျပ်၊ ကြက်သွန်ဖြူ(ရှမ်း) တစ်ပိဿာ (၁၀၀၀၀) ကျပ်၊ အာလူး တစ်ပိဿာ (၃၂၀၀)ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာ အလုံးအသေး/အကြီးပေါ် မူတည်၍ (၃၅၀၀ မှ ၃၈၀၀)ကျပ်၊ ဂျင်းတစ်ပိဿာ (၇၂၀၀) ကျပ်၊ ကုလားပဲတစ်ပိဿာ (၆၈၀၀)ကျပ်၊ ပဲနီလေးတစ်ပိဿာ (၇၂၀၀)ကျပ်၊ ငရုတ်သီးခြောက်(ပု) တစ်ပိဿာ (၂၅၀၀၀) ကျပ်၊ ငရုတ်(စို) တစ်ပိဿာ (၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိသည်။
အသားငါးဈေးနှုန်းများမှာ ကြက်သား(CP) တစ်ပိဿာ (၁၀၀၀၀ မှ ၁၁၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာ (၂၂၀၀၀) ကျပ်၊ အမဲသားတစ်ပိဿာ(၁၆၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိဿာ (၂၄၀၀၀) ကျပ်နှင့် ငါးကြင်းတစ်ပိဿာ(၉၀၀၀)ကျပ်၊ ကြက်ဥတစ်လုံး (၃၀၀)ကျပ်နှင့် ဘဲဥတစ်လုံး(၃၅၀)ကျပ်ဖြင့် ရောင်းချလျက်ရှိသည်။ အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ဩဂုတ်လ စတုတ္ထအပတ်ရှိ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ကြည့်ပါက ကြက်သွန်နီတစ်ပိဿာ ကျပ်(၈၀၀)ခန့်၊ ခရမ်းချဉ်သီးတစ်ပိဿာ ကျပ် (၃၀၀)ခန့်၊ ငရုတ်စို ဈေးနှုန်းမှာ ကျပ်(၁၀၀)ခန့်နှင့် ဂျင်း တစ်ပိဿာဈေးနှုန်းမှာ ကျပ်(၁၂၀၀)ခန့်မြှင့်တက်လာပြီး ပဲနီလေးနှင့် အာလူးဈေးနှုန်းမှာ ကျပ်(၈၀၀)ခန့် ကျဆင်းလျက်ရှိကြောင်းသိရသည်။ အသား/ငါးဈေးနှုန်းအနေဖြင့် ငါးကြင်းတစ်ပိဿာ ကျပ်(၁၀၀၀) ခန့်မြှင့်တက်လာပြီး ကျန်စားသောက်ကုန်များမှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်းသိရှိရသည်။
DOCA(စစ်ကိုင်း)