မြင်းခြံခရိုင်တွင် နွေစပါးများရိတ်သိမ်းထွက်ပေါ်

Powered by Drupal

    မြင်းခြံခရိုင်၏ (၂၀၂၃-၂၀၂၄) ခုနှစ် နွေစပါးစိုက်ပျိုးမှုအနေဖြင့် (၂၀၅၉)ဧကစိုက်ပျိုးခဲ့ပြီး ယခုအချိန်ရိတ်သိမ်းပြီးစီးမှုအနေဖြင့် (၈၂၇)ဧကရိတ်သိမ်းနိုင်ခဲ့ပြီး တစ်ဧကပျမ်းမျှအထွက်တင်း (၇၈.၅၃)တင်းနှုန်းဖြင့် အထွက်တင်းစုစုပေါင်း(၆၄၉၄၈)တင်းထွက်ရှိပြီဖြစ်ပါသည်။

    မြို့နယ်အလိုက် စိုက်ပျိုးမှုနှင့်ရိတ်သိမ်းပြီးစီးမှုအနေဖြင့် မြင်းခြံမြို့နယ်တွင် (၁၂၀၉)ဧက၊ ရိတ်သိမ်းပြီးဧကမှာ (၇၇၆)ဧက၊ တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ (၈၀.၄၇)တင်းနှုန်းဖြင့် တင်းပေါင်း (၆၂၄၄၈)တင်း၊ တောင်သာမြို့နယ်တွင် (၇၄၃)ဧကစိုက်ပျိုးခဲ့ပြီး၊ ရိတ်သိမ်းမှုမရှိသေးပါကြောင်းနှင့် နွားထိုးကြီးမြို့နယ်တွင် (၁၁၆)ဧကစိုက်ပျိုးနိုင်ခဲ့ပြီး ရိတ်သိမ်းပြီးစီးမှုမှာ(၅၁)ဧကဖြစ်ကြောင်း၊ တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ (၄၉.၀၂)တင်းနှုန်းဖြင့် တင်းပေါင်း(၂၅၀၀)တင်းထွက်ရှိခဲ့ပါကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည်။ မြင်းခြံခရိုင်တွင် နွေစပါးများကို ဇန်နဝါလ၊ ဖေဖော်ဝါရီလတို့၌ စတင်စိုက်ပျိုးကြပြီး မေလ၊ ဇွန်လနှင့် ဇူလိုင်လတို့တွင် ရိတ်သိမ်းထွက်ပေါ်ကြောင်းနှင့် လက်ရှိနွေစပါးဈေးအနေဖြင့် တစ်တင်းလျှင် (၁၈၀၀၀)ကျပ်ခန့်ရှိကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)