ဘားအံ၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ကြာအင်းဆိပ်ကြီး၏ သံပုရာသီး

Powered by Drupal

 ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမှ ထွက်ရှိသော သံပုရာသီး၊ ရှောက်သီးများသည် ဘားအံမြို့သို့ ဝင်ရောက်လျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်၊၊

    ကြာအင်းဆိပ်ကြီးမြို့နယ်မှထွက်ရှိသည့် သံပုရာသီးများမှာ အကြီးအသေးပေါ် မူတည်၍ ၅ လုံး ၁ထောင်၊ ၁၀ လုံး ၁ ထောင်ဖြင့် ဘားအံမြို့၊ ရေပေါ်ဈေးတွင် လက်လီလက်ကားရောင်းချလျက်ရှိကြောင်းနှင့် ရှောက်သီး တစ်လုံးလျှင် ကျပ်၂၅၀ မှ ၃၀၀ ထိရောင်းချရကြောင်း သိရသည်။

   ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ရှောက်သီး/သံပုရာသီး ဧက ၄၁၆၉ ဧကခန့်ရှိကြောင်းနှင့် ရေမြေသဘာဝကိုက်ညီ၍ ဖြစ်ထွန်းအောင်မြင်လျက်ရှိပြီး မော်လမြိုင်၊ သထုံ၊ ရေးနှင့် ဘားအံမြို့များသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)