ရွေးချယ်စားသုံးလာကြသည့် တန်းဖိုးသင့်ရေငန်ငါးများ

Powered by Drupal

   စားသုံးသူများအနေဖြင့် ကုန်ကျစရိတ်ချွေတာရန်နှင့် တွက်ခြေကိုက်စေရန်အတွက် တန်းဖိုးသင့်သည့်ရေငန်ငါးများကို ရွေးချယ်စားသုံးလာကြကြောင်းသိရသည်။ ဘားအံမြို့၊ ရေပေါ်ဈေးတွင် ရောင်းချလျက်ရှိသောရေငန်ငါးဈေးနှုန်းများမှာ ပလာတူး ၁ပိဿာလျှင် ၆၀၀၀ကျပ်၊ ရွှေငါး ၁ပိဿာလျှင် ၇၀၀၀ကျပ်၊ ငါးဝိုင်း ၁ပိဿာလျှင် ၆၀၀၀ကျပ်၊ ငါးမုတ်ဖြူသေး ၁ပိဿာလျှင် ၆၀၀၀ကျပ်၊ ငါးသလောက်ယောက်ဖ ၁ပိဿာလျှင် ၇၀၀၀ကျပ်ဖြစ်ကြောင်းသိရသည်။

    အခြေခံစားသောက်ကုန်ဈေးနှုန်း အစစအရာရာဈေးနှုန်းမြင့်တက်လာခြင်းနှင့်အတူ သား/ ငါးဈေးနှုန်းများမှာလည်း ဈေးနှုန်းမြင့်တက်လျက်ရှိပြီး ဘားအံမြို့၊ရေပေါ်ဈေးတွင် ဖြစ်ပေါ်လျက်ရှိသော မွေးမြူရေးငါးနှင့် ရေချိုငါးဈေးနှုန်းများမှာ မွေးမြူရေးငါး ငါးတန် ၁ပိဿာလျှင် ၆၀၀၀ကျပ်၊ ငါးမြစ်ချင်း ၁ပိဿာလျှင် ၈၀၀၀ကျပ်၊ ငါးမုတ်( ပါကူး) ၁ပိဿာလျှင် ၆၀၀၀ကျပ်၊ ငါးခူ ၁ပိဿာလျှင် ၇၀၀၀ကျပ်ဖြစ်သော်လည်း ဒေသထွက်ရေချိုငါး မြစ်ငါးတန် ၁ပိဿာလျှင် ၁၅၀၀၀ကျပ်၊ ချောင်းငါးကြင်း ၁ပိဿာလျှင် ၁၃၀၀၀ကျပ်၊ ငါးပက်လက် ၁ပိဿာလျှင် ၁၅၀၀၀ကျပ်၊ ငါးပနော် ၁ပိဿာလျှင် ၁၅၀၀၀ကျပ်၊  ငါးလေးများဖြစ်သည့် ငါးမြွေထိုး ၁ပိဿာလျှင် ၁၇၀၀၀ကျပ်၊ ငါးဖယ် ၁ပိဿာလျှင် ၂၀၀၀၀ကျပ်၊  ငါးဇင်ရိုင်း ၁ပိဿာလျှင် ၁၄၀၀၀ကျပ်၊ ငါးနုသန်း ၁ပိဿာလျှင် ၁၇၀၀၀ကျပ်၊ ငါးခုံးမမြှီးနီ ၁ပိဿာလျှင် ၁၀၀၀၀ကျပ်  စသည်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

    ကုန်ဈေးနှုန်းများမြင့်မားလာသည်နှင့်အမျှ စားသုံးသူများအနေဖြင့် အာဟာရဖြစ်စေရန်နှင့် စားကောင်းသည့် တန်ဖိုးမြင့်အစားအသောက်များထက် တန်ဖိုးသင့်ပြီး မိသားစုလိုက် အများစားသုံးနိုင်သည့် ဟင်းချက်စရာများကိုသာ ရွေးချယ်ဝယ်ယူစားသုံး၍ စားသုံးမှုပုံစံပြောင်းလဲလာကြောင်းသိရပါသည်။

DOCA(ကရင်)