ရေပေါ်ဈေး၌ အရောင်းအဝယ်သွက်နေသည့် ဒူးရင်းဆိပ် ရေချိုပုစွန်

Powered by Drupal

    ဘားအံမြို့၊ ရေပေါ်ဈေးတွင် လာရောက်ရောင်းချလျက်ရှိသော ဒူးရင်းဆိပ် ရေချိုချောင်းပုစွန် များမှာ အရောင်းအဝယ်သွက်လျက်ရှိကြောင်းသိရသည်။

    အဆိုပါချောင်းပုစွန်များအား ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အစပ် ဒူးရင်ဆိပ်ကျေးရွာမှ လာရောက်ရောင်းချခြင်းဖြစ်ကြောင်းနှင့် ဒူးရင်းဆိပ်ချောင်းအတွင်း ဖမ်းဆီးခြင်းဖြစ်ကြောင်း၊ တစ်ပိဿာလျှင် ၄၀၀၀၀ကျပ်မှ ၃၀၀၀၀ကျပ်ထိ အကောင်အကြီးအသေးပေါ်မူတည်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

    ဘားအံမြို့၊ ရေပေါ်ဈေးတွင် ရောင်းချလျက်ရှိသော ရေခဲရိုက်ဘော့ချိပ်ပုစွန်တစ်ပိဿာလျှင် ၂၅၀၀၀ကျပ်ဈေးရှိပြီး အခြားရေချိုငါးများဖြစ်သော ငါးနုသန်း၊ ငါးသန်းချိပ်တို့မှာ ၁၇၀၀၀ကျပ်ခန့် ဈေးနှုန်းရှိသောကြောင့် ယခုကဲ့သို့ လတ်လတ်ဆတ်ဆတ်ရေချိုချောင်းပုစွန်များအား စားသုံးသူများ အထူးဝယ်ယူစားသုံးကြသောကြောင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)