မကွေးမြို့နယ်၊ ဆန်၊ စပါးကုန်သည်များအသင်းက (စတုတ္ထအကြိမ်) ပြည်သူများအား သက်သာသောစျေးနှုန်းဖြင့် ဆန်များရောင်းချပေး

Powered by Drupal

   မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် မကွေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ကြီးကြပ်၍ မကွေးမြို့နယ်၊ ဆန်စပါးကုန်သည်များအသင်းက (စတုတ္ထ အကြိမ်) မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ဆန်များရောင်းချပေးခြင်းကို (၅-၉-၂၀၂၃) ရက်နေ့၊ နံနက် (၀၈:၃၀) နာရီအချိန်တွင် မကွေးတိုင်းကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (မကွေးကုန်စည်ဒိုင်)ရုံးရှေ့၌ ရောင်းချပေးခဲ့ပါသည်။

    ထိုသို့ ရောင်းချပေးရာတွင် သီးထပ်ဇီယာ (၉၅%) ဆန်တစ်ပြည်လျှင် ကျပ်(၂၅၀၀)ဖြင့် စုစုပေါင်းလူဦးရေ (၄၈၀)အား ဆန်အိတ်(၂၀)ရောင်းချပေးခဲ့ပြီး မကွေးမြို့နယ်ဆန်စပါးကုန်သည်များအသင်းက ပထမအကြိမ်အဖြစ် (မကွေးမြသလွန်ဘုရား) ညနေစျေး၌လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် (နံကပ်ကျွန်း) ကျေးရွာအုပ်စု၌လည်းကောင်း၊ တတိယအကြိမ်အဖြစ် (ရန်ပယ်စျေး) ၌လည်းကောင်း အသီးသီးရောင်းချပေးခဲ့ကြောင်းနှင့် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းပြီး ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရပါသည်။

DOCA(မကွေး)