ဘားအံမြို့တွင် ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

Powered by Drupal

      ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (ပထမပတ်) အတွင်း ဘားအံမြို့တွင် အခြေခံစားကုန်များဖြစ်သော ပေါ်ဆန်းဆန် တစ်ပြည်လျှင် ၅၄၀၀ကျပ်၊ ဧည့်မထဆန်တစ်ပြည်လျှင် ၂၉၀၀ကျပ်၊ ဆန်ကွဲတစ်ပြည်လျှင် ၂၁၀၀ကျပ်ဖြင့် ဆန်ဈေးနှုန်းမှာ ယခင်အပတ်အတိုင်း ဈေးနှုန်းတည်ငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီ(ယိုးဒယား) တစ်ပိဿာလျှင် ၈၃၀၀ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ကြက်သွန်နီ တစ်ပိဿာလျှင် ၃၇၀၀ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ၉၀၀၀ကျပ်နှင့် ကြက်သွန်ဖြူ(ရှမ်းစ) တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်၊ အာလူးတစ်ပိဿာလျှင် ၂၈၀၀ကျပ်၊ ချင်း တစ်ပိဿာလျှင် ၇၀၀၀ကျပ်၊ ငရုတ်သီးခြောက် တစ်ပိဿာလျှင် ၁၈၀၀၀ကျပ်၊ ပဲနီလေး တစ်ပိဿာလျှင် ၆၈၀၀ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာလျှင် ၆၈၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

      အသားငါးဈေးနှုန်းများမှာ ဝက်သား တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊ အမဲသား တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊ ဆိတ်သား တစ်ပိဿာလျှင် ၁၈၀၀၀ကျပ်၊ ကြက်သား (CP) တစ်ပိဿာလျှင် ၁၀၅၀၀ကျပ်၊ ချောင်းငါးကြင်း တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် ၈၀၀၀ကျပ်၊ မွေးမြူရေးငါးခူ တစ်ပိဿာလျှင် ၇၀၀၀ကျပ်၊ ပုစွန်(ဘော့ချိတ်) တစ်ပိဿာလျှင် ၂၂၀၀၀ကျပ်ဖြင့် ငါးဈေးများမှာ ယခင်အပတ်အတိုင်း ဈေးနှုန်းတည်ငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

    ကြက်ဥလက်လီဈေးနှုန်းမှာ ကြက်ဥ(ကြီး)တစ်လုံးလျှင် ၃၀၀ကျပ်၊ ကြက်ဥ(သေး) တစ်လုံးလျှင် ၂၈၀ကျပ်၊ ဘဲဥ(ကြီး) တစ်လုံးလျှင် ၄၀၀ကျပ်၊ ဘဲဥ(သေး) တစ်လုံးလျှင် ၃၅၀ကျပ်ဖြင့် ယခင်အပတ်ထက် ဈေးနှုန်းအနည်းငယ်တက်လျက်ရှိပြီး ဟင်းသီးဟင်းရွက်ဈေးနှုန်းများမှာ ဂေါ်ဖီထုပ် ၁ထုပ်လျှင် ၁၅၀၀ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် ၂၃၀၀ကျပ်၊ ပဲတောင့်ရှည်သီး တစ်စည်းလျှင် ၇၀၀ကျပ်၊ ကန်စွန်းရွက် တစ်စည်းလျှင် ၂၅၀ကျပ်၊ ချဉ်ပေါင်ရွက် တစ်စည်းလျှင် ၃၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ကရင်)