ချောက်မြို့နယ်တွင် မြို့နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် စျေးကားဖြင့်လှည့်လည်၍ စားအုန်းဆီ (၁)ပိဿာလျှင် ကျပ်(၄၆၀၀) စျေးနှုန်းဖြင့် ချောက်မြို့ပေါ် အမှတ်(၈)၊ (၉)၊ (၁၀)၊ (၁၁)၊ (၁၂) ရပ်ကွက်များရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဓမ္မာရုံများတွင် လူတစ်ဦးလျှင် စားအုန်းဆီ (၁)ပိဿာနှုန်းရောင်းချပေးလျက်ရှိပါသည်။
ထိုသို့ရောင်းချပေးနေမှုအား ချောက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၃) ဦးစန်းဝင်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးတင်ထွန်းဦးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံဒေါ်မြတ်မြတ်မိုးတို့က ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး (၆-၉-၂၀၂၃)ရက်နေ့တွင် စားအုန်းဆီ(၃၃) ပေပါအား အိမ်ထောင်စု (၃၆၃၀)စုအတွက် ရောင်းချပေးခဲ့ပါသည်။
ဆက်လက်၍ စလေမြို့၊ အုပ်ချုပ်ရေးမှူး ဦးသော်သန့်ဇင်၏ကြီးကြပ်မှုဖြင့် စလေမြို့၊ အမှတ်(၄) ရပ်ကွက်၊ စျေးပတ်ဝန်းကျင်တွင် ဆန်ကုန်သည်များက ဆန်(၁)ပြည်လျှင် ကျပ်(၂၅၀၀)နှုန်းဖြင့် ပြည်သူများအား စျေးနှုန်းချိုသာစွာရောင်းချပေးခဲ့ပြီး ဆန်အိတ်(၁၀၀)အား ပြည်သူများ၏ နေ့စဉ်လူမှုဘဝအထောက်အပံ့ဖြစ်စေရေး ရောင်းချပေးနိုင်ခဲ့ကြောင်းသိရပါသည်။
DOCA(မကွေး)