![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/391_0.jpg?itok=B9ducqTc)
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၄-၉-၂၀၂၃)ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်တွင် သရက်မြို့၊ မြို့မစည်ပင်သာယာဈေးအတွင်း အသား၊ ငါးရောင်းချနေသော ဈေးတန်းတစ်လျှောက်နှင့် အသီးအရွက်ကုန်စိမ်းရောင်းချသူများအား ပလတ်စတစ်လျော့ချအသုံးပြုစေရေးနှင့် အင်ဖက်အစားထိုးအသုံးပြုစေရေးတို့အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ခဲ့ပြီး သရက်မြို့၊ မြို့မစည်ပင်ဈေးအတွင်း (၄-၉-၂၀၂၃)ရက်နေ့၌ ဖြစ်ပေါ် လျက်ရှိသောအခြေခံစားကုန်ဈေးနှုန်းများကို လိုက်လံမေးမြန်းရာတွင် ပေါ်ဆန်းမွှေး(ပုသိမ်) ဆန်(၁)ပြည်လျှင် ကျပ်(၅၀၀၀-၆၀၀၀)၊ ဧရာပဒေသာ(ပုသိမ်) (၁)ပြည်လျှင် ကျပ်(၅၀၀၀)၊ မနောသုခ(၁)ပြည်လျှင် ကျပ် (၃၅၀၀)၊ မှော်ဘီ(၁)ပြည်လျှင် ကျပ်(၃၆၀၀-၃၇၀၀)၊ ပဲဆီ(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ နှမ်းဆီ(၁)ပိဿာလျှင် ကျပ် (၁၄၀၀၀-၁၆၀၀၀)၊ အာလူး(၁)ပိဿာလျှင် ကျပ်(၂၉၀၀-၃၁၀၀)၊ ကြက်သွန်ဖြူ(၁)ပိဿာလျှင် ကျပ်(၈၈၀၀-၉၀၀၀)၊ ကြက်သွန်နီ(၁)ပိဿာလျှင် ကျပ်(၂၆၀၀-၃၂၀၀)၊ ကုလားပဲခွဲခြမ်း (၁)ပိဿာလျှင် ကျပ်(၆၀၀၀-၆၃၀၀)၊ ငရုတ်စို(၁)ပိဿာလျှင် ကျပ်(၅၅၀၀-၆၀၀၀)၊ ခရမ်းချဉ်သီး(၁)ပိဿာလျှင် ကျပ်(၂၈၀၀-၃၀၀၀)၊ ကြက်သား(CP)(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ကြက်သား(ဗမာ)(၁)ပိဿာလျှင် ကျပ်(၂၂၀၀၀)၊ ဝက်သား(၁)ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ အမဲသား(၁)ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ ဆိတ်သား(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ငါးမြစ်ချင်း(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ငါးကြင်း(၁) ပိဿာလျှင် ကျပ်(၁၆၀၀၀) အသီးသီးရှိခဲ့ပြီး အသီးအရွက်နှင့် အသားငါးများအား အောင်လံမြို့မှတစ်ဆင့် ဝယ်ယူရောင်းချခြင်းဖြစ်ကြောင်း၊ ရန်ကုန်၊ ပြည်၊ ဥသျှစ်ပင်မြို့တို့မှ ဆန်နှင့်ဆီတို့ဝင်ရောက်လျက်ရှိပြီး နေ့စဉ်ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိပါကြောင်း မြို့မစည်ပင်သာယာဈေးအတွင်းရှိ ဈေးသည်များထံမှသိရှိရပါသည်။
DOcA(မကွေး)