ကသာမြို့တွင် စက်တင်ဘာလ ပထမအပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ

Powered by Drupal

   ကသာမြို့နယ်အတွင်း ၂၀၂၃-ခုနှစ် စက်တင်ဘာလ ပထမအပတ်အတွင်း  ဈေးကွက်အသီးသီး၌ ရောင်းချလျက်ရှိသော ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် (၁၃၀၀၀၀)ကျပ်၊ ဧရာမင်း ဆန်တစ်အိတ် (၁၁၀၀၀၀)ကျပ်၊ ဧည့်မထ(ဆင်း-၃) တစ်အိတ်လျှင် (၈၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး စားသုံးဆီ ဈေးနှုန်းမှာ မြေပဲဆီ တစ်ပိဿာ (၁၇၀၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာ (၁၅၀၀၀)ကျပ်နှင့် စားအုန်းဆီ တစ်ပိဿာ(၁၂၀၀၀)ကျပ်ရှိကြောင်း သိရသည်။ ဩဂုတ်လ နောက်ဆုံးအပတ်ရှိ ဈေးနှုန်းများနှင့် နှိုင်းယှဉ်ကြည့်ပါက ဆန်ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိပြီး မြေပဲဆီဈေးနှုန်းမှာ ကျပ်(၁၀၀၀) ခန့် မြှင့်တက်လာကြောင်း တွေ့ရှိရသည်။

    စားဖိုဆောင်သီးနှံ လက်လီဈေးနှုန်းများမှာ ကြက်သွန်နီ (အသစ်) အလုံး (အသေး/အကြီး) ပေါ် မူတည်၍ တစ်ပိဿာ (၃၅၀၀ မှ ၄၀၀၀)ကျပ်၊ ကြက်သွန်ဖြူ(ရှမ်း) တစ်ပိဿာ (၁၀၀၀၀) ကျပ်၊ အာလူး တစ်ပိဿာ (၃၅၀၀)ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာ အလုံး အသေး/အကြီးပေါ် မူတည်၍ (၃၅၀၀ မှ ၃၈၀၀)ကျပ်၊ ဂျင်းတစ်ပိဿာ (၇၅၀၀) ကျပ်၊ ကုလားပဲ တစ်ပိဿာ (၆၈၀၀)ကျပ်၊ ပဲနီလေး တစ်ပိဿာ (၈၀၀၀)ကျပ်၊ ငရုတ်သီးခြောက်(ပု) တစ်ပိဿာ (၂၅၀၀၀) ကျပ်၊ ငရုတ်(စို) တစ်ပိဿာ (၃၅၀၀)ကျပ် ဖြင့် ရောင်းချလျက်ရှိသည်။

     အသား /ငါး ဈေးနှုန်းများမှာ ကြက်သား(CP) တစ်ပိဿာ (၁၀၀၀၀ မှ ၁၁၀၀၀)ကျပ်၊ ဝက်သား တစ်ပိဿာ (၂၂၀၀၀) ကျပ်၊ အမဲသားတစ်ပိဿာ(၁၆၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိဿာ (၂၄၀၀၀) ကျပ် နှင့် ငါးကြင်း တစ်ပိဿာ(၉၀၀၀)ကျပ်၊ ကြက်ဥတစ်လုံး အလုံး (အသေး/အကြီး)ပေါ် မူတည်၍ (၂၆၀/ ၂၈၀/၃၀၀)ကျပ်နှင့် ဘဲဥတစ်လုံး(၃၅၀)ကျပ်ဖြင့် ရောင်းချလျက်ရှိသည်။ အခြေခံစားသောက်ကုန် ဈေးနှုန်းများမှာ ဩဂုတ်လ နောက်ဆုံးအပတ်ရှိ ဈေးနှုန်းများနှင့် နှိုင်းယှဉ်ကြည့်ပါက ပဲနီလေးဈေးနှုန်းမှာ ကျပ်(၈၀၀)ခန့်၊ အာလူးနှင့် ဂျင်းဈေးနှုန်းမှာ ကျပ် (၃၀၀)ခန့် မြင့်တက်လာကာ ငရုတ်(စို)ဈေးနှုန်းမှာ ကျပ်(၈၀၀)ခန့် ကျဆင်းလျက်ရှိကြောင်း သိရှိရပြီး အသား/ငါး ဈေးနှုန်းနှင့် ကျန်အခြေခံစားသောက်ကုန်များမှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရှိရသည်။

DOCA(စစ်ကိုင်း)