
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ၊ နောက်ဆုံးအပတ်၌ လူနည်းစုစားသုံးသော ပေါ်ဆန်း (၁) အိတ်လျှင် ကျပ် (၁၀၀၀၀ဝိ/-) ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိသော်လည်း ယခုစက်တင်ဘာလ၊ ပထမအပတ်တွင် ပေါ်ဆန်းဆန် (၁) အိတ်လျှင် ကျပ် (၉၇၀၀ဝိ/-) ဖြစ်သွား၍ ဆန် (၁) အိတ်လျှင် ကျပ် (၃၀၀၀) ဈေးနှုန်းကျဆင်းလျက်ရှိပြီး ပဲဆီ (၁) ပိဿာလျှင် ကျပ် (၁၄၀၀ဝိ/-) မှ ယခုအခါ ကျပ် (၁၅၀၀ဝိ/-) ဖြစ်သွားသည့်အတွက် (၁) ပိဿာလျှင် ကျပ် (၁၀၀၀) မြင့်တက်လျက်ရှိကြောင်း၊ ၎င်းအပြင် အခြေခံလူတန်းစားများ အများဆုံးစားသုံးမှုရှိသော စားအုန်းဆီ (၁) ပိဿာလျှင် ယခင်အပတ်၌ ကျပ် (၈၀၀ဝိ/-) မှ ယခုအခါ ရည်ညွှန်းဈေး (၁) ပိဿာလျှင် ကျပ် (၄၅၀ဝိ/-) ဖြင့် ရောင်းချမှုရှိကြောင်း ဈေးကွက်မှသိရပါသည်။
DOCA(ဧရာဝတီ)