မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ်တာဝန်ခံသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၆-၉-၂၀၂၃) ရက်နေ့တွင် ချောင်းဆုံမြို့နယ်၊ ချောင်းဆုံအနောက်ရပ်ကွက်၊ မဟာကန်တော်ကြီးအရှေ့ ပျံကျဈေးဝင်းအတွင်း သက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။
ထိုသို့ရောင်းချပေးရာတွင် ဧည့်မထဆန်တစ်ပြည်လျှင် (၂၉၀၀) ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၁၃၅၀၀) ကျပ်၊ အမဲသားတစ်ပိဿာလျှင် (၁၅၀၀၀) ကျပ်၊ ကြက်သားတစ်ပိဿာလျှင် (၉၀၀၀) ကျပ်၊ ဆီတစ်ပိဿာလျှင် (၅၀၀၀) ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၂၈၀) ကျပ်၊ ပိန်းဥတစ်ပိဿာလျှင် (၃၈၀၀) ကျပ်၊ မုန်လာဥတစ်ပိဿာလျှင် (၈၀၀) ကျပ်၊ ပဲတောင့်တစ်ပိဿာလျှင် (၂၈၀၀) ကျပ်၊ ကန်စွန်းရွက်တစ်ပိဿာလျှင် (၄၀၀) ကျပ်၊ ခဝဲသီးတစ်ပိဿာလျှင် (၈၀၀) ကျပ်၊ ဘူးသီးတစ်လုံးလျှင် (၅၀၀) ကျပ်နှင့် ရွှေဖရုံသီးတစ်လုံးလျှင် (၆၀၀) ကျပ်တို့ဖြင့် ရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(မွန်)