အရောင်းသွက်နေသော ကီလိုမာလကာ

Powered by Drupal

  ပဲခူးတိုင်းဒေသကြီးသည် နှစ်ရှည်သီးနှံပင်များ ၊ ကာလတိုပင်များအား စီးပွားဖြစ်စိုက်ပျိုးသူများရှိသလို   တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချသူများလည်းရှိရာ ကီလိုမာလကာစိုက်ပျိုးရောင်းချသူများအနေဖြင့် ဝယ်လိုအားကောင်းပြီး ဈေးကောင်းရ၍ အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

    ကီလိုမာလကာပင်သည် အစေ့မှစိုက်လျှင် အပင်သန်စွမ်းမှုနှင့် ကိုင်းခြားထွက်ရှိမှုအပေါ် မူတည်၍ ၆လမှ ၁ နှစ်အတွင်း အသီးစသီး၍ မြေထုတ်စည်းမျိုးပွားစိုက်လျှင်  ၄လမှ ၆လအတွင်း အသီးရရှိပြီး အသီးရရှိချိန်တွင် သီးထိုးယင်ကာကွယ်ရန်အတွက် အသီးများကို အိတ်စွပ်ပေးရပါသည်။ အပင်များ စိုက်ပျိုးရာတွင် လေဝင်လေထွက်ကောင်းပြီး အပင်များသန်မာစေရန် တစ်ပင်နှင့်တစ်ပင် ၁၀ ပေခြား၍ တစ်တန်းနှင့်တစ်တန်း ၁၅ ပေခြားကာ စိုက်ပျိုးရပြီး တစ်ဧကလျှင် အပင်၂၈၀- ၃၀၀ ခန့် စိုက်ပျိုး နိုင်ကြောင်း သိရှိရပါသည်။ မာလကာပင် တစ်ပင်မှ တစ်နှစ်လျှင် အသီး ၂၀၀ မှ ၃၀၀ ထိ ပျမ်းမျှထွက်ရှိပြီး  ၁ လုံးလျှင် လက်ကားဈေးအနေဖြင့် အလုံး အကြီး၊ အသေး ပေါ်မူတည်၍ ၃၀၀-၃၅၀ ကျပ်ဖြင့် ရောင်းချကြောင်းသိရှိပြီး ပြန်လည်‌ရောင်းချသူများအနေဖြင့် ၁ လုံးလျှင် ၅၀၀-၅၅၀ ဖြင့် ရောင်းချကြောင်း သိရှိရပါသည်။ ကီလိုမာလကာပင်သည် ပြုစုစောင့်ရှောက်ရသည်မှာ မခက်ခဲသလို အကြမ်းခံ၍ ကုန်ကျစရိတ်နည်းပါးသောကြောင့် စိုက်ပျိုးသင့်သောအသီးဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)