လက်ပံတန်းမြို့ ဖွဲနု ဈေးကွက်အခြေအနေ

Powered by Drupal

      ပဲခူးတိုင်းဒေသကြီး ၊  သာယာဝတီခရိုင် ၊ လက်ပံတန်းမြို့နယ်တွင်ရှိသော ငါးမွေးကန်များ၏ အဓိကအစားအစာသည် ဖွဲနုများဖြစ်သည်။ သာယာဝတီခရိုင်အတွင်းရှိ ဆန်စက်များကြိတ်ခွဲ ထုတ်လုပ်ရာမှ ထွက်ရှိသော  ဆန်ထွက်ပစ္စည်းဖွဲနုများကိုဒေသတွင်း တိရိစ္ဆာန်အစားအစာအဖြစ် အသုံးပြုလျက်ရှိသလို အခြားသောစားသောက်ကုန်များအတွက်လည်း အသုံးလျက်ရှိကြောင်းနှင့် အခြားသော တိုင်းနှင့်ပြည်နယ်များသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ဩဂုတ်လ  ပထမပတ်တွင်  ဖွဲနု တစ်ပေါင်လျှင် ၄၀၅ကျပ် နှုန်းဖြင့် ဖွဲနု ၆၀ပေါင် တစ်အိတ်လျှင် ၂၄၃၀၀/ ကျပ်ဈေးရှိခဲ့ရာမှ ယခု ဩဂုတ်လ စတုတ္ထပတ်တွင် ဖွဲနု တစ်ပေါင်လျှင် ၄၂၀ကျပ် ဈေးသို့မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။ ယခုဩဂုတ်လ စတုတ္ထပတ်တွင် ဖွဲနု၆၀ပေါင် တစ်အိတ်လျှင် (၂၅၂၀၀)/ ကျပ် ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)