မိုးညိုမြို့နယ်တွင် မိုးကြိုနှမ်းများရိတ်သိမ်းနေပြီ

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး ၊  သာယာဝတီခရိုင် ၊ မိုးညိုမြို့နယ်တွင် ယခုနှစ် မိုးနှမ်းစိုက်ဧက (၂၉၅၄၈)  ဧက စိုက်ပျိုးလျက်ရှိပါသည်။ မိုးကြိုနှမ်းများသည် ၇လပိုင်းမှ စတင်ထွက်ရှိပြီး ယခုအချိန်တွင် နှမ်းများလှိုင်လှိုင်ပေါ်လျက်ရှိကာ တောင်သူများအနေဖြင့် ထွက်ရှိလာသောနှမ်းများအား ဝမ်းစာဆီအတွက် အနည်းငယ်ချန်ထားပြီး ကျန်နှမ်းများကို မြို့ပေါ်ပွဲရုံများသို့ တင်ပို့ရောင်းချလျက်ရှိပါကြောင်း သိရှိရပါသည်။

         မြို့ပေါ်ပွဲရုံများကလည်း နှမ်း ၁ တင်း ၁၆ ပိဿာလျှင် နှမ်းအမျိုးအစားလိုက်သော်လည်းကောင်း ၊ အစိုဓာတ်ပေါ်မူတည်၍လည်းကောင်း ၊ ယခုအခါတွင် အနည်ဆုံး ၉၀၀၀၀ ကျပ် အများဆုံး ၁၀၂၀၀၀ ကျပ်ဖြင့် ဝယ်ယူလျက်ရှိရာ တစ်နေ့လျှင် နှမ်းတင်းပေါင်း ၂၀၀ လောက် ဝယ်ယူလျက်ရှိပါသည်။ မိုးညိုမြို့ပွဲရုံများမှ ဝယ်ယူထားသော နှမ်းများအား အောင်လံပွဲရုံများသို့လည်းကောင်း၊ ပြည်မြို့ပွဲရုံများသို့လည်းကောင်း၊ တင်ပို့ရောင်းချခြင်းရှိသလို မန္တလေးဘက်မှ လာရောက်၍ မိုးညိုမြို့နယ်ရှိ ကွင်းအရောက်ဆင်း၍ ဝယ်ယူသောပွဲစားများထံသို့လည်း ပြန်လည်ရောင်းချလျက်ရှိကြောင်း သိရှိပါသည်။

DOCA(ပဲခူး)