ဟိုပန် ဆန်ပြားခေါက်ဆွဲ

Powered by Drupal

     ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့တွင် ဆန်ပြားခေါက်ဆွဲသည် နာမည်ကျော်ကြားပြီး လူကြိုက်များသော အစားအစာတစ်မျိုးဖြစ်ပါသည်။ ဆန်ပြားခေါက်ဆွဲသည် အားအင်ပြည့်ဝသောအစားအစာဖြစ်၍ လူကြီးလူငယ်မရွေးစားသုံးနိုင်သည့်အတွက် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

    ဆန်ပြားခေါက်ဆွဲကို (၁)ရက်လျှင်(၅၀)ပိဿာ ထုတ်လုပ်ရောင်းချပြီး ဈေးနှုန်းမှာ (၁) ပိဿာ (၄၀၀၀) ကျပ်ဖြစ်ကြောင်း၊ တစ်ပတ်လျှင် ပျှမ်းမျှ (၃၅၀) ပိဿာခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရရှိရပါသည်။

     ဆန်ပြားခေါက်ဆွဲကို မြို့နယ်အတွင်းရှိ ဈေးဆိုင်များသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး အခြားမြို့များသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)