ပြည်ခရိုင်တွင် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ (တတိယပတ်) တွင် ဖြစ်ပေါ်လျက်ရှိသည့် နွေစပါးဈေးနှုန်းဈေးကွက်

Powered by Drupal

  ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၌ နွေစပါးစိုက်ပျိုးသောမြို့နယ်များမှာ ပေါက်ခေါင်း၊ ပန်းတောင်းနှင့် ပြည်မြို့နယ်တို့တွင် အများဆုံးစိုက်ပျိုးကြပါသည်။ ရွှေတောင်မြို့နယ်တွင် နွေစပါးအနည်းငယ်သာစိုက်ပျိုးပြီး မိုးစပါးကိုအဓိကထား၍ စိုက်ပျိုးကြပါသည်။ ပြည်ခရိုင်တွင် စိုက်ပျိုးသောနွေစပါးမျိုးကွဲများမှာ ရတနာတိုးစပါး၊ GW-11 နှင့် ထိုင်းနှံကောက်မျိုးများကိုသာ အဓိကထား၍စိုက်ပျိုးကြပါသည်။ ပြည်ခရိုင်အနေဖြင့် စုစုပေါင်းနွေစပါးစိုက်ဧကမှာ (၂၁၄၉)ဧက စိုက်ပျိုးပြီး တစ်ဧကလျှင် စပါးတင်း (၉၁)တင်းခန့်ထွက်ရှိ၍ အထွက်တင်းမှာ (၁၉၅၀၀၀)ကျော်ခန့်ထွက်ရှိကြောင်းသိရပါသည်။ နွေစပါးပေါ်စတွင် (၄၆) ပေါင်တင်း(၁၀၀)လျှင် (၁၄၇၀၀၀၀)ကျပ် ရှိပြီး၊ ဇူလိုင်လတွင် ဈေးအနည်းငယ်ပြန်လည်ကျဆင်းသည့်အတွက် စပါးတင်း(၁၀၀)လျှင် (၁၂၇၀၀၀၀)ကျပ်ထိဈေးကျခဲ့ပါသည်။ ဩဂုတ်လဆန်းမှစ၍ စပါး(၄၆)ပေါင်တင်း(၁၀၀)လျှင် (၁၅၁၀၀၀၀)ကျပ်ဖြင့် ဩဂုတ်လ (တတိယပတ်) အထိ ဈေးများငြိမ်လျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

    ယခုကဲ့သို့ စပါးအမြင့်ဈေးဖြင့် ငြိမ်နေရခြင်းမှာ စားသုံးသူများအနေဖြင့် ဝယ်ယူစားသုံးမှုများလာခြင်း၊ သယ်ယူစရိတ်များကြီးမြင့်လာခြင်းနှင့် စပါးလက်ကျန်နည်းလာသည့်အတွက် ဈေးနှုန်းများမြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။

DOCA(ပဲခူး)