ပြည်မြို့၏ အဝါရောင်ဖရဲသီး online ဈေးကွက်

Powered by Drupal

   အဝါရောင်ဖရဲသီးများကို ထိုင်ဝမ်မြို့မှ စတင်စိုက်ပျိုးခဲ့ပြီး ဖရဲသီးတွင် အခွံစိမ်းစိမ်း၊ အတွင်းသားနီနီနှင့် ဖရဲသီးနီနီထက်ပိုနု၍ အဝါရောင်သမ်းနေသော ဖရဲသီးအဝါရောင်ဟူ၍ (၂)မျိုးရှိပါသည်။ ဖရဲသီးအဝါတွင် ကာဗိုဟိုက်ဒရိတ်၊ ကယ်လ်လိုရီ၊ အဆီဓာတ်၊ အမျှင်ဓာတ်၊ သကြားဓာတ်၊ ပရိုတင်း၊ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ ဗီတာမင်အေ၊ ဗီတာမင်စီ၊ သံဓာတ်၊ phouphorus၊ magnesium စသည်တို့ပါဝင်နေသည်။ ဖရဲသီးအဝါတွင် ရေဓာတ် ၉၂ ရာခိုင်နှုန်းလောက်အထိပါဝင်ပါသည်။ ဖရဲသီးအဝါသည် ခန္ဓာကိုယ်အတွင်း သွေးစီးဆင်းမှုကောင်းစေခြင်း။ ကိုယ်ခံအားကောင်းစေခြင်း၊ ကျောက်ကပ်ကိုကျန်းမာစေနိုင်ခြင်း၊ သွေးပေါင်ကျစေနိုင်ခြင်းနှင့် မျက်လုံးကိုကျန်းမာစေခြင်းများဖြစ်ပေါ်စေပါသည်။ ပါးစပ်ထဲမှအနာများကိုသက်သာစေပြီး အရိုးများလည်းသန်မာစေသည်။ ပြည်မြို့မှဖရဲသီးအဝါရောင်များမှာ မုံရွာဘက်မှ အများဆုံးဝင်ရောက်လျက်ရှိပြီး ပြည်မြို့၏ Online ဈေးကွက်တွင် ဖရဲသီးအဝါရောင်များကို တစ်လုံးလျှင် ၄၀၀၀ကျပ်မှစ၍ (၄၅၀၀-၅၀၀၀) ကျပ်အထိရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)