ပြည်မြို့တွင်းပိုလျှံ၍ နယ်စုံတင်ပို့သောကုန်စိမ်းများ

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်သည် ဒေသထွက်ကုန်သီးနှံအစုံထွက်ရှိသော မြို့ဖြစ်ပါသည်။ ထိုသို့ထွက်ရှိသောသီးနှံများကို မြို့တွင်း၌ စားသုံးကြ၍ ပိုလျှံသောသီးနှံများကို မြန်မာပြည်ဒေသအနှံအပြားသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။ ထိုသို့ နေ့စဉ်တင်ပို့ရောင်းချသော သီးနှံများထဲမှ ဘူးသီး၊ မျှစ်၊ ကြောင်လျှာသီးနှင့် ပြောင်းဖူးတို့ဖြစ်ပြီး ဘူးသီးများကို ရန်ကုန်မြို့ရှိ သီရိမင်္ဂလာဈေးနှင့် မော်လမြိုင်မြို့သို့ တင်ပို့ရောင်းချရာ ဘူးသီး(၁၇)လုံးပါ ( အလုံးအကြီး/ အသေး/ သောင်းပြောင်း) တစ်အိတ်လျှင်  ကျပ် (၁၇၀၀၀၀-၁၉၀၀၀၀)၊ မျှစ်ဆားရည်စိမ်ရန် တပွက်ဆူကို တစ်ပိဿာလျှင် (၉၀၀)ကျပ်၊ မျှစ်ပြုတ် (အကျက်) တစ်ပိဿာလျှင် (၁၂၀၀)ကျပ်ဖြင့် ပဲခူး၊ မုံရွာ၊ တောင်သာ၊ ဖြူးမြို့သို့ တင်ပို့ရောင်းချကြောင်းသိရပါသည်။ ကြောင်လျှာသီးအတောင့်တစ်တောင့်လျှင် (၃၅၀)ကျပ်နှင့် အတောင့် (၃၀၀)ပါတစ်အိတ်လျှင် (၁၀၅၀၀၀)ကျပ်နှုန်းဖြင့် မူဆယ်၊ လားရှိုး၊ ဘီလင်းနှင့် ရန်ကုန်မြို့ရှိ သီရိမင်္ဂလာဈေးသို့လည်းကောင်း၊ ပြည်မြို့ဒေသထွက် ကျွန်းပြောင်းဖူး (အဖြူ/အဝါ) တစ်ဖူးလျှင် (၂၃၀)ကျပ်ဖြင့် အဖူး(၂၀၀)ပါ တစ်အိတ်လျှင် (၄၆၀၀၀)ကျပ်နှုန်းဖြင့် ဘီးလင်း၊ ရခိုင်၊ ရန်ကုန်၊ ပုသိမ်မြို့များသို့လည်းကောင်း နေ့စဉ်တင်ပို့လျက်ရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)