ယခုအချိန်ကာလသည် တရုတ်လူမျိုးများ၏ နှစ်စဉ်နှစ်တိုင်းအမြဲလိုလို ကျင်းပလေ့ရှိသည့် တရုတ်မုန့်စားပွဲတော်အချိန် ရောက်ရှိလာတော့မည်ဖြစ်သောကြောင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ပေါ်ရှိဆိုင်များတွင် တရုတ်လမုန့်များ မြိုင်မြိုင်ဆိုင်ဆိုင်ရောင်းချနေကြောင်း တွေ့ရှိရပါသည်။ အဆိုပါလမုန့်များကိုမူ လမုန့်စားပွဲတော်နှင့် တရုတ်နှစ်သစ်ကူးပွဲတော် အချိန်ခါတွင် တစ်နှစ်မှ တစ်ကြိမ်သာ လမုန့်များကိုပြုလုပ်ရောင်းချသောကြောင့် လမုန့်များသည်ဈေးကောင်းရရှိပြီး အရောင်းအဝယ်မှာလဲ ရောင်းကောင်းကြောင်း သိရှိရပါသည်။ လမုန့်များကိုမူ အသားနှင့် အချိုဟူ၍ နှစ်မျိုးထုတ်လုပ်ပြီး အချိုကို ပဲနီ၊ မြေပဲ၊ ပဲဖြူ စသည်ဖြင့် အမျိုးအစားများထုတ်လုပ်ကြောင်း သိရှိရပါသည်။ လမုန့်များကို လားရှိုးမြို့အတွင်းသာမက ဟိုပန်၊ လောက်ကိုင်၊ တန့်ယန်း၊ ပန်ဆန်း၊ မိုင်းရှူး၊ မန္တလေး၊ ရန်ကုန်နှင့် အခြားသောအော်ဒါမှာယူသည့် မြို့များသို့လည်း တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။ ဈေးနှုန်းများမှာလည်း အမျိုးအစား မုန့်အခုရေပါဝင်သည့်အပေါ်မူတည်၍ ဈေးနှုန်းများမှာ (၈၀၀၀)ကျပ် မှ (၉၀၀၀၀)ကျပ်ထိရှိကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)