စက်တင်ဘာလ၊ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော နွေစပါးနှင့် ဆန်ဈေးနှုန်းအခြေအနေ

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၌ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ၊ ပထမပတ်တွင် နွေစပါးနှင့် ဆန်ဈေးနှုန်းများမှာ ယခင်အပတ်ဈေးနှုန်းများတိုင်း ဈေးငြိမ်လျက်ရှိကြောင်း၊ စက်တင်ဘာလ၊ ပထမပတ်တွင် ၂၀၂၃ခုနှစ်ထွက် နွေစပါး ရွှေဝါထွန်းစပါး တင်း(၁၀၀)လျှင် (၁၉၀၀၀၀ဝိ/)ကျပ်နှင့် ဆန်တစ်အိတ်လျှင်(၈၀၀၀ဝိ/-)ကျပ်ဈေးဖြင့် ယခင်အပတ်ဈေးနှုန်းများအတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

     ယခင်နှစ်ကာလတူတွင် ရွှေဝါထွန်းစပါး တင်း(၁၀၀)လျှင် (၁၀၅၀၀၀ဝိ/-)ကျပ်နှင့် ဆန်တစ်အိတ်လျှင်(၄၂၀၀ဝိ/-)ကျပ်သာ ပေါက်ဈေးရှိခဲ့သဖြင့် ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုနှစ်တွင် ယခင်နှစ်ကာလတူထက် ရွှေဝါထွန်းစပါး တင်း(၁၀၀)လျှင် (၈၅၀၀၀ဝိ/-)ကျပ်နှင့် ဆန်တစ်အိတ်လျှင်(၃၈၀၀ဝိ/-)ကျပ် ဈေးမြင့်တက်ခဲ့ကြောင်း၊ ယခုအပတ်တွင် ဆန်တစ်အိတ် ဈေးနှုန်းနှင့် စပါးဈေးနှုန်းများမှာ ယခင်အပတ်နည်းတူ ဈေးငြိမ်နေသော်လည်း ဆန်အိတ်များမှာပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခုအပတ်တွင် ကုန်ကြမ်းဖြစ်သည့်စပါးများကို တောင်သူများမှ ရောင်းချမှုအနည်းငယ်မြင့်တက်လာကြောင်း ဆန်စက်ပိုင်နှင့် ကုန်သည်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)