ပြည်ခရိုင်တွင် မိုးမြေပဲများစတင်ထွက်ပေါ်

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အနေဖြင့် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ (နောက်ဆုံးပတ်) တွင် မိုးမြေပဲများ အနည်းငယ်စတင်ထွက်ပေါ်လာနေပြီဖြစ်ပါသည်။ ပြည်ဈေးကွက်သို့ မိုးမြေပဲများကို ခရိုင်အတွင်း မြို့နယ်များဖြစ်သည့် ရွှေတောင်၊ ပေါက်ခေါင်းနှင့် အခြားတိုင်းများဖြစ်သော မြန်အောင်၊ ကြံခင်းဘက်မှ တစ်နေ့လျှင် မြေပဲဆံအိတ် (၃၀၀/၄၀၀)ခန့်အဝင်ရှိပြီး ဝင်သမျှ အရောင်းအဝယ်ဖြစ်နေပါသည်။ ရန်ကုန်နှင့် မန္တလေးဘက်မှ ဝယ်လက်များနှင့် ဒေသတွင်းဆီစက်လုပ်ငန်းရှင်များ ဝယ်ယူမှုရှိခြင်းတို့ကြောင့် ပြည်ဒေသရှိ ပွဲရုံနှင့်ဈေးကွက်များတွင် ပုံမှန်ရောင်းဝယ်လျက်ရှိပါသည်။ မြေပဲဆန်ဈေးနှုန်းများအနေဖြင့် ဩဂုတ်လ (နောက်ဆုံးပတ်) တွင် ဆီဆံ(အဖြူ) တစ်ပိဿာလျှင် (၇၀၀၀)ကျပ်၊ ဆီဆံ(အနီ)တစ်ပိဿာလျှင် (၈၅၀၀)ကျပ်နှင့် လုံးဆံ (အဖြူ) တစ်ပိဿာလျှင် (၇၄၀၀)ကျပ်၊ လုံးဆံ(အနီ)တစ်ပိဿာလျှင် (၉၂၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခင်(၂၀၂၂) ခုနှစ်၊ ဩဂုတ်လ (နောက်ဆုံးပတ်) တွင် ဆီဆံ(အဖြူ)တစ်ပိဿာလျှင် (၅၇၀၀)ကျပ်၊ ဆီဆံ(အနီ) တစ်ပိဿာလျှင် (၅၈၀၀)ကျပ်နှင့် လုံးဆံ(အဖြူ)တစ်ပိဿာလျှင် (၆၁၀၀)ကျပ်၊ လုံးဆံ(အနီ) တစ်ပိဿာလျှင် (၆၂၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ထို့ကြောင့် ယခုနှစ်တွင် မြေပဲဆံ ဆီဆံ(အဖြူ) တစ်ပိဿာလျှင် (၁၃၀၀)ကျပ်၊ ဆီဆံ(အနီ)တစ်ပိဿာလျှင် (၂၇၀၀)ကျပ်၊ လုံးဆံ(အဖြူ) တစ်ပိဿာလျှင် (၁၃၀၀)ကျပ်နှင့် လုံးဆံ(အနီ)တစ်ပိဿာလျှင် (၃၀၀၀)ကျပ်ခန့်ဈေးများမြင့်တက်လာခဲ့ပါသည်။ မြေပဲဆီဈေးမှာ ယခုနှစ်၊ ဩဂုတ်လ (နောက်ဆုံးပတ်) တွင် တစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခင်နှစ်တွင် မြေပဲဆီတစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်ဖြစ်ခဲ့ပြီး ယခုနှစ်တွင် တစ်ပိဿာလျှင် (၁၀၀၀)ကျပ်ခန့်ဈေးမြင့်တက်လာခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)