မိုးတွင်းကာလတွင်ပေါ်သော ရာသီစာ မိုးကျလက်ဖက်ပင်

Powered by Drupal

   ပြည်ခရိုင်၊ ပြည်မြို့နယ်အတွင်း မိုးဦးကျကာလတွင် ဒန့်ကျွဲပင်လေးများစတင်ပေါက်ကြပါသည်။ ဒန့်ကျွဲသီးလေးများကိုလှော်၍ထောင်းပြီး နိုဆီနှင့်ဖျော်သောက်လျှင် ကော်ဖီအရသာရှိပါသည်။ အလေ့ကျပေါက်သော ဒန့်ကျွဲပင်လေးများကို မိုးကျလက်ဖက်ပင်ဟုလည်းခေါ်ဆိုပါသည်။ မိုးကျလက်ဖက်ပင်လေးများကို ဒင့်ဂျိုးပင်ဟူလည်းခေါ်ဆိုကြပါသည်။

     အရွက်ကလေးများကို ပြုတ်၍ပါးပါးလှီးပြီး သုပ်စားပါက နှလုံးသွေးကြောကျဉ်းခြင်းနှင့် နှလုံးရောဂါ၊ စားမဝင်အိပ်မပျော်ရောဂါများသက်သာစေပါသည်။ ပြုတ်၍ တို့စရာအဖြစ်လည်း ားနိုင်ပါသည်။ အစေ့ကိုပြာချ၍ လိမ်းပါက ဝဲနှင်းခူနာရောဂါများပျောက်ကင်းစေပါသည်။ အရွက်ကို အခြောက်ခံ၍ လက်ဖက်ခြောက်အဖြစ်လည်းသောက်သုံးနိုင်ပါသည်။ အနာရှိ၍ ညှော်မိလျှင် ဒန့်ကျွဲမြစ်ကိုသွေးလိမ်းပါက ပျောက်ကင်းစေပါသည်။

    မိုးကျလက်ဖက်ရွက်လေးများကိုပြုတ်၍ လက်ဖက်ကဲ့သို့ နှမ်း၊ ကြက်သွန်ကြော်နှင့်သုပ်စားလျှင် လွန်စွာစားကောင်းပါသည်။ အိပ်မပျော်ခြင်း၊ သွေးလေခြောက်ခြားခြင်း၊ စိတ်မကြည်ခြင်း၊ နှလုံးခုန်ရင်တုန်မောပန်းခြင်း၊ ဆီးဝမ်းမညီညွတ်ခြင်းတို့အတွက် သုံးခွက်တစ်ခွက်တင်ကြိုပြီး သကြားထည့်၍သောက်သုံးနိုင်ပါသည်။

     အကုန်အကျလည်းသက်သာသည့်အပြင် ဆေးဖက်လည်းအလွန်ဝင်သော မိုးကျလက်ဖက်များကို စားသုံးသင့်ကြောင်း တင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)