စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ သစ်သီးပွဲရုံများနှင့် သစ်သီးဆိုင်များတွင် ဖရဲသီးများ လှိုင်လှိုင်ဝင်ရောက်လျက်ရှိကြောင်း၊ ဈေးကွက်အတွင်း ဝင်ရောက်လျက်ရှိသော ဖရဲသီးများမှာ မုံရွာမြို့နယ်နှင့် ချောင်းဦးမြို့နယ်တို့မှထွက်ရှိသော ဖရဲသီးများဖြစ်ပြီး အစေ့လွတ်ဖရဲသီးနှင့် အစေ့ပါ ဖရဲသီးဟူ၍ နှစ်မျိုးတွေ့ရှိရကြောင်း၊ အစေ့လွတ်တစ်လုံးလျှင် အလုံးအကြီး/အသေး ပေါ်မူတည်၍ ကျပ်(၂၅၀၀ မှ ၃၅၀၀)၊ အစေ့ပါဖရဲသီးတစ်လုံးလျှင် အလုံးအကြီး/အသေး ပေါ်မူတည်၍ ကျပ်(၈၀၀ မှ ၁၅၀၀)ကြား ရောင်းချလျက်ရှိကြောင်း၊ ဖရဲသီးသည် ဈေးကွက်အတွင်း အရောင်းသွက်သော သစ်သီးဝလံတစ်မျိုးဖြစ်ကြောင်း ဖရဲသီးရောင်းချနေသူတစ်ဦးထံမှ သိရပါသည်။
DOCA(စစ်ကိုင်း)